Latest News

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော မန္တလေးတိုင်းဒေသကြီးမှ အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်

Ministry of Information / Posted on December 26, 2024

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အားကစားသမားများနှင့် နည်းပြများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံပစ်ခတ်သူ Free Land Attack Force (FLA) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Ministry of Information / Posted on December 26, 2024

နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိ

Ministry of Information / Posted on December 26, 2024

နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၈ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

Newspaper

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းရာထူးနေရာ လျှောက်လွှာခေါ်ယူခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / November 28, 2024


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

၁။         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် အောက်ဖော်ပြပါ ရာထူးနေရာများ လစ်လပ်လျက်ရှိပါသည်-

            (က)     အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ)ရာထူး                      လစ်လပ်(၄၃)နေရာ

                       (လစာနှုန်းကျပ်၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)

            ( ခ)     အငယ်တန်းအင်ဂျင်နီယာ-၄(မြို့ပြ)ရာထူး                     လစ်လပ်(၃၀)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

၂။         လျှောက်ထားသူသည်-

                      (က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

                     ( ခ )    အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ)ရာထူးအတွက် (၃၁-၁၂-၂၀၂၄) ရက်နေ့တွင် အသက် (၃၂)နှစ်နှင့် အငယ်တန်းအင်ဂျင်နီယာ-၄ (မြို့ပြ)ရာထူးအတွက် (၃၁-၁၂-၂၀၂၄) ရက်နေ့တွင်                                   အသက်(၃၀)နှစ်ထက် မကျော်လွန်သူ၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ် ထက်မကျော်လွန်သူဖြစ်ရမည်။

                      ( ဂ )    အငယ်တန်းအင်ဂျင်နီယာ-၃ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့တစ်ခုခု ရရှိသူ ဖြစ်ရမည်။

                      (ဃ)     အငယ်တန်းအင်ဂျင်နီယာ-၄ ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့/ ဒီပလိုမာ တစ်ခုခုရရှိသူဖြစ်ရမည်။

                           ( င )     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

                           ( စ )     ဌာနတွင် အနည်းဆုံး(၃)နှစ် ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။     

                      (ဆ)     ဒေသခံများအားဦးစားပေးစဉ်းစားမည်၊ ဝေးလံဒေသများအတွက် အသက် သတ်မှတ် ချက်အား လျှော့ပေါ့စဉ်းစားမည်။  

                      ( ဇ )    အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီး ဌာန နှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။

                      ()      အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal)သည့် ပြစ်ဒဏ်နှင့် ရာထူးမှထုတ်ပယ် (Removal) သည့်ပြစ်ဒဏ်ချမှတ်ခံထားရသူများ လျှောက်ထားခွင့် မရှိပါ။

၃။         တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဝန်ထမ်းသစ်ဖြည့်တင်း ခန့်ထားမည့် ဒေသများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Website www.mcrd.gov.mm နှင့် သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ဖော်ပြကြော်ငြာထားမည်ဖြစ်ပါသည်။

၄။         လျှောက်လွှာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာ၊ ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ မိဘအမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်နှင့် ၎င်းတို့၏ အလုပ်အကိုင်၊ ဝန်ထမ်းဖြစ်လျှင် လက်ရှိရာထူး၊ လစာနှုန်းနှင့် ဌာနအမည်၊ ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့် အလုပ်သမား ရုံးအမည်၊ ဆက်သွယ်ရန်လိပ်စာ၊ ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ်၊ အမြဲတမ်းလိပ်စာ အပြည့်အစုံ တို့ကို ဖော်ပြရမည်။

၅။         လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-

            (က) ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

            ( ခ ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊

                   (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

          ( ဂ ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်းကို သက်ဆိုင်ရာရပ်ကွက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်ခံချက် မူရင်း၊ (လွန်ခဲ့သော(၁)လအတွင်း)(ဝန်ထမ်းများ                       အတွက်ကိုယ်တိုင်ဝန်ခံချက်၊ ဌာန ထောက်ခံချက်)

           (ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊

           ( င ) ကျန်းမာကြောင်းဆေးထောက်ခံစာ(လွန်ခဲ့သော (၁)ပတ်အတွင်း)

           ( စ ) ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ (လွန်ခဲ့သော(၁)လခန့်အတွင်း)။

၆။         သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)အတွက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ်(၃၆)(B)၊ ပြည်ထောင်စု  နယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ရုံးများနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်ကျေးလက်ရုံးများအတွက် သက်ဆိုင်ရာကျေးလက်ဦးစီးဌာနရုံးများသို့ (၃၁-၁၂-၂၀၂၄)ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာပေးပို့ရမည်။

၇။         နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်ရသည့် ဌာန ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်သို့ (၃၁-၁၂-၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ အရောက်ပေးပို့ရန်ဖြစ်ပါသည်။

(ကြိုတင်လျှောက်လွှာ(၁)စောင်ကိုရေးဖြေဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။)

၈။         ရေးဖြေစာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြုလုပ်မည်ဖြစ်ရာ ဖြေဆိုလိုသည့်တိုင်းဒေသကြီး/ပြည်နယ်အား လျှောက်လွှာတွင် ထင်ရှားစွာဖော်ပြရန်ဖြစ်ပါသည်။ စာမေးပွဲကျင်းပမည့် နေ့ရက်၊ နေရာနှင့်အချိန်တို့ကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ကြိုတင်ကြေညာ ပါမည်။

၉။      အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက် အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တယ်လီဖုန်းနံပါတ် ၊ ၀၆၇-၄၁၈၆၀၉၊ ၀၆၇-၄၁၈၆၁၂နှင့် တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023