နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / January 29, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၉

လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ကျင်းပရာ လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။

ထို့ပြင် တတိယအကြိမ်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးသို့တက်ရောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများကို အတည်ပြုပြီး ချိန်တွင်ဖိတ်ကြားရေးဆိုင်ရာကိစ္စရပ်များကို အချိန်မီဆောင်ရွက်နိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရန် ရိပ်သာများ ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးများ အဆင်ပြေစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိရေး၊ လွှတ်တော်အစည်းအဝေးများကျင်းပစဉ်နှင့် ရပ်နားစဉ်ကာလတို့တွင် လွှတ်တော်ဝန်းအတွင်း/ အပြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့်နေရာများတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ထားရှိရေး၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သွားလာရေးအဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များကိုလည်း စနစ်တကျဆောင်ရွက်ထားရှိရေး၊ လွှတ်တော်အသီးသီးရှိ တယ်လီဖုန်းဆက်သွယ်မှုစနစ်များ၊ e-Voting စနစ်နှင့် Delegate Unit များ၊ LED board များ ကောင်းမွန်စွာအသုံးပြုနိုင်ရေးတို့အတွက်လည်း စမ်းသပ်လေ့ကျင့်မှုများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

အလားတူ ငလျင်ဒဏ်ကြောင့် လွှတ်တော်ပရဝဏ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ၊ လမ်း၊ တံတားများ အဆင့်မြှင့်ပြန်လည်ပြင်ဆင်ထားရှိမှု စနစ်တကျရှိစေရေး ၊ လွှတ်တော်အသီးသီး၏ လွှတ်တော်အစည်းအဝေးကျင်းပမှု သတင်းမှတ်တမ်းများ ရိုက်ကူးထုတ်လွှင့်ခြင်းနှင့် ရုပ်/သံစက်ပစ္စည်းများ ကောင်းမွန်စေရေး၊ ပြည်တွင်း/ပြည်ပသတင်း မီဒီယာများ၏ သတင်းရယူရေးကိစ္စရပ်တို့တွင်လည်း စနစ်တကျနှင့် အဆင်ပြေချောမွေ့စေရေးတို့ကို ကော်မတီအလိုက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် ယခုအစည်းအဝေးတွင် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တတိယအကြိမ် လွှတ်တော်အသီးသီး၏ လွှတ်တော်အစည်းအဝေးများစနစ်တကျဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများအလိုက် တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ အစည်းအဝေးအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များသို့သွားရောက်၍ လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ / ၂၀၂၆


Ministry of Information/ Naypyitaw / January 29, 2026
image_latest


Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023