Latest News

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

Ministry of Information / Posted on January 15, 2026

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အာဂုံ/ ရေးဖြေစာမေးပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည်။

မြန်မာနိုင်ငံပြန်တမ်း

Ministry of Information / Posted on January 15, 2026

မြန်မာနိုင်ငံပြန်တမ်း

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဟုမ္မလင်းတပ်နယ် နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ

Ministry of Information / Posted on January 15, 2026

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ တပ်နယ်ခန်းမ၌ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / January 15, 2026


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နေပြည်တော်

စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း

၁။        သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၆-၁၁-၂၀၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ခေါ်ယူထားသည့် အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ)၊ အငယ်တန်းစာရေး၊ အငယ်တန်းအင်ဂျင်နီယာ-၄ (မြို့ပြ)၊ ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးနှင့် စာရင်းကိုင်-၄ ရာထူးနေရာများအတွက် အရည်အချင်း စစ်ရေးဖြေစာမေးပွဲများကို အောက်ပါအစီအစဉ်အတိုင်းကျင်းပသွားမည် ဖြစ်ပါသည်-

            (က)    စာမေးပွဲဖြေဆိုရမည့်ရက်      -   ၂၀၂၆ခုနှစ်၊‌ ဇန်နဝါရီလ (၂၄) ရက်(စနေနေ့)

            ( ခ )   ရေးဖြေစစ်ဆေးခြင်း             -   နံနက်(၈:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ

                                                                 မြန်မာစာ + အင်္ဂလိပ်စာ + အထွေထွေဗဟုသုတ

            ( ဂ )   လူတွေ့စစ်ဆေးခြင်း            -   နေ့လည်(၁၂:၃၀)နာရီ

၂။       စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို ၂၂-၁-၂၀၂၆ ရက်နေ့မှစ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနတည်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများတွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်း ခံယူရန်အတွက် လျှောက်လွှာတင်သွင်းထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး များတွင် ဆက်သွယ်စုံစမ်းရန်ဖြစ်ပါသည်။

၃။      စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်၊ နံနက် (၈:၀၀)နာရီ အရောက် ဖြေဆိုရမည့်စာစစ်ဌာနများသို့ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း၊ ဖြေဆိုခွင့် ကဒ်ပြားနှင့်အတူလာရောက်သတင်းပို့ရန်နှင့် စာမေးပွဲခန်းမအတွင်းသို့အချိန်နောက်ကျရောက်ရှိ လာသူများအား စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

 

                             ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023