Latest News

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားနှစ်ဦး ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

Ministry of Information / Posted on September 15, 2025

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်း ဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင် နိုင်ငံသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသားနှစ်ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

Ministry of Information / Posted on September 15, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထီနှင့်ကုန်ပစ္စည်းများရောင်းဝယ်၍ အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိသော DCS (သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသူများအား ဖမ်းဆီးရမိမှု

Ministry of Information / Posted on September 15, 2025

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် အကြမ်းဖက်အားပေး ပြည်ပြေးများနှင့်ပူးပေါင်းကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း၊ တရားမဝင်ထီနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ပြုလုပ်၍ အကြမ်းဖက်သမားများအား ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီး နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

ဆက်သွယ်ရေးနှင့်စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အတွက် အသိပေးကြေညာခြင်း


Ministry of Transport and Communications/ Naypyitaw / September 15, 2025


 

နိုင်ငံတော်အစိုးရယန္တရားတွင် ပါဝင်သောဌာနများအနေဖြင့်  e-Government စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ လိုင်စင်လျှောက်ထားမှုစနစ်များ လိုက်လျောညီထွေဖြစ်စေရန် အွန်လိုင်းစနစ်ဖြင့်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဆက်သွယ်ရေးနှင့် စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အား အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်များကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစတင်၍ ဤဦးစီးဌာန၏ ဝက်ဆိုက်ဒ်ဖြစ်သော https://www.ptd.gov.mm ၏ လိုင်စင်လျှောက်ထားခြင်း စာမျက်နှာရှိ Online ရဝ/စသ လိုင်စင် လျှောက်ထားခြင်း ကို အသုံးပြု၍ လွယ်ကူစွာဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း ကုမ္ပဏီများသို့ အသိပေးကြေညာအပ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023