ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
Latest News
Ministry of Social Welfare, Relief & Resettlement / Posted on January 09, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၆) ရက်နေ့တွင် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၁,၇၀၀,ဝဝဝိ/-)၊ အိမ်ထောင်စု (၁၇)စုမှ လူဦးရေ(၆၈)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၄၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၄၀,၀၀ဝိ/-)နှင့် တန်ဖိုးငွေ (၂,၄၄၃,၉၈၆/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (စက္ကူပုံး) ပါ (၁၇)ပုံးအား (၈-၁-၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၁:၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြောင်းမြမြို့နယ်ကြက်ခြေနီအသင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့နှင့်အတူ မြောင်းမြမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါသည်။ Source: DDM
Ministry of Social Welfare, Relief & Resettlement / Posted on January 19, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၆) ရက်နေ့တွင် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့သည့်လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၉) ဦးတို့အတွက် (၁) ပတ်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၅၀၀ဝိ/-)၊ ထောက်ပံ့ငွေ စုစုပေါင်း (၆၄၅၀၀ဝိ/-)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ (၃၈၈၉၀၄/-) အား (၁၉-၁-၂၀၂၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ပါသည်။ Source: DDM
Ministry of Social Welfare, Relief & Resettlement / Posted on January 29, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉- ၁ -၂၀၂၆ )ရက်နေ့ (၁၄:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်ထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ Talk Show အစီအစဉ်အား မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။ Source: DDM
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Downloadပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / February 10, 2026
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် OWIC ကတ်ပြုလုပ်ခွင့်ရရှိကြောင်း ကြေညာခြင်းခံရသည့် အလုပ်သမားများအနေဖြင့် ၁-၃-၂၀၂၆ ရက်နေ့မှစ၍ OWIC ကတ်ဖိုး ကျပ် ၅၆၀၀/- နှင့် ပျောက်ဆုံး/ ပျက်စီးပါက ဒဏ်ကြေးအဖြစ် ကျပ် ၂၂၄၀၀/- ကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ငွေစာရင်းအမှတ် OA-013904 သို့ အလုပ်သမားကိုယ်တိုင် ငွေလွှဲလျှောက်လွှာဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။
OWIC ကတ်ဖိုးငွေများအား OA-013904 သို့ ပေးသွင်းပြီးပါက ငွေပေးသွင်းခဲ့သည့် ငွေလွှဲလျှောက်လွှာ (မူရင်း) နှင့်အတူ မိတ္တူ (၁) စောင်အားယူဆောင်၍ OWIC ပြုလုပ်ရမည့်နေ့ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) OWIC ထုတ်ပေးရေးစင်တာသို့ လာရောက်ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းခြင်း၊ ငွေလွှဲလျှောက်လွှာ မမှန်ကန်ခြင်း၊ ငွေလွှဲလျှောက်လွှာ (မူရင်း) ပြသနိုင်မှုမရှိခြင်းတို့ဖြစ်ပေါ်ပါက OWIC ကတ်ထုတ်ပေးမည်မဟုတ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန
