Latest News

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများပေးအပ်

Ministry of Information / Posted on September 22, 2025

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)၊ တနင်္သာရီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နာယက တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ

Ministry of Information / Posted on September 22, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

(၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Ministry of Information / Posted on September 22, 2025

၂၀၂၅ ခုနှစ်၊ (၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား/အမျိုးသမီး) မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နဝဒေးအားကစားရုံ၌ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

Newspaper

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၁/၂၀၂၅)


Myanmar National Human Rights Commission/ Yangon / September 21, 2025


၁။ လူသားတို့အပေါ် ဆင်းရဲဒုက္ခကျရောက်စေခဲ့သော ကမ္ဘာစစ်ကြီးများနှင့် ပဋိပက္ခများ၏ ဘေးအန္တရာယ်အသွယ်သွယ်မှကင်းဝေး၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုဖော်ဆောင်ရန် အလို့ငှာ ကုလသမဂ္ဂကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ ပိုမို ထိရောက်အောင်မြင်စေရန် ရည်ရွယ်၍ ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (International Day of Peace) အဖြစ် သတ်မှတ်ခဲ့ပါသည်။

၂။ လူသားအားလုံး၏ဘဝ ဘေးကင်းလုံခြုံစွာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးသည် လူတိုင်းအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၌ ဖော်ပြထားသကဲ့သို့ လူ့အခွင့််အရေးအားလုံးကို ရရှိခံစားနိုင် ရန်အတွက် ငြိမ်းချမ်းရေး မရှိမဖြစ် လိုအပ်ကြောင်းကို United Nations Declaration on the Right to Peace (2016) ၌ ဖော်ပြထားပါသည်။ ထို့ပြင် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင် (၁၆) (UN Sustainable Development Goal – 16 ) ပါ “ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေး” ကို နိုင်ငံအသီးသီးက အထူးအလေးပေး ဆောင်ရွက်လျက် ရှိကြပါ သည်။

၃။ မြန်မာနိုင်ငံတွင်လည်း တရားမျှတမှုအပေါ်အခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်ချက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အတည်ပြုလက်မှတ် ရေးထိုးခဲ့သည့် (၁၀) နှစ်ပြည့် နှစ်ပတ်လည် နေ့ အခမ်းအနားကျင်းပရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် ဝမ်းမြောက်မိပါသည်။

၄။ ၂၀၂၅ ခုနှစ်၏ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဆောင်ပုဒ်မှာ “Act Now for a Peaceful World - ငြိမ်းချမ်းတဲ့ကမ္ဘာဖြစ်စေဖို့ ယခုကစ ဆောင်ရွက်စို့” ဖြစ်ရာ နိုင်ငံသူ နိုင်ငံသားအားလုံး အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားတောင့်တနေကြသည်နှင့်အမျှ လူပုဂ္ဂိုလ်တစ်ဦးချင်းကလည်း တာဝန်သိသိ အသိတရားရှိရှိနှင့် မိမိတို့ဆောင်ရွက်သင့်သည့် ကဏ္ဍများကို ကြိုးပမ်းစွမ်းဆောင်ပေးကြခြင်းဖြင့် ကမ္ဘာ့ လူသားအားလုံး၏ ငြိမ်းချမ်းရေးဆိုင်ရာ အခွင့်အရေးကို ရရှိခံစားနိုင်ရန် ယခုမှစ၍ အားလုံးပါဝင် ဆောင်ရွက်ကြပါဟု တိုက်တွန်းလျက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023