Latest News

ပြည်သူ့ EV သုံးစွဲမှုမြင့်တက်လာမှုအတွက် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပြီး နည်းပညာရှင်များ မြှင့်တင်မွေးထုတ်

Ministry of Science and Technology / Posted on March 15, 2026

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီသည် လုပ်ငန်းတာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)၌ ယနေ့‌ နေ့လယ်ပိုင်းတွင် Hybrid စနစ်ဖြင့် ကျင်းပသည့် EV Mechanics (၁/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှ ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်‌ရောက်သည်။

အင်းစိန်ဂျီတီအိုင်တွင် EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ

Ministry of Science and Technology / Posted on March 13, 2026

အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ ယနေ့‌ နေ့လယ်တွင် Hybrid စနစ်ဖြင့် ကျင်းပသည့် EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများသုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာ ပြန့်ပွားရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ သည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှ ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်‌ရောက်သည်။

ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ ဆက်လက်ကျင်းပ

Ministry of Cooperatives and Rural Development / Posted on March 15, 2026

ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ ဆက်လက်ကျင်းပ

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၃/ ၂၀၂၆)


Myanmar National Human Rights Commission/ Yangon / March 16, 2026


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ နိုင်ငံသား များ၏ မူလအခွင့်အရေးများကို မြှင့်တင်ရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် ၂၀၁၁ ခုနှစ်၊ စက်တင် ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) ဖြင့် မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ကော်မရှင်ကို စနစ်တကျနှင့် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နိုင်ရန်နှင့် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် အလို့ငှာ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥ‌ပဒေ အမှတ် ၂၁ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။ ကော်မရှင်ဥပဒေ ရေးဆွဲခဲ့ရာတွင် လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ ပါရီအခြေခံမူများနှင့် ကိုက်ညီစေရန် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး (Office of the High Commissioner for Human Rights - OHCHR)၊ အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Asia-Pacific Forum of National Human Rights Institutions - APF) နှင့် ဆွီဒင်နိုင်ငံရှိ Raoul Wallenberg Institute of Human Rights and Humanitarian Law - RWI တို့မှ ဘာသာရပ် ဆိုင်ရာပညာရှင်များ၊ ဥပဒေပညာရှင်များ၏ အကြံဉာဏ် များရယူ၍ ကော်မရှင်ဥပဒေ (မူကြမ်း) ကို ၁နှစ်နှင့် ၆လ နီးပါး အချိန်ယူရေးဆွဲပြုစုခဲ့ပြီး ပြည်တွင်းရှိ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းခြင်း၊ ပြည်တွင်းဥပဒေပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ အရပ်ဘက် အဖွဲ့အစည်း များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအား ချပြဆွေးနွေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါ သည်။

ကော်မရှင်သည် ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်မှ ယနေ့အထိ ၁၅ နှစ်တာကာလ အတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတာဝန်များကို ထိရောက် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်မူဘောင်၊ နှစ်ရှည်မဟာဗျူဟာ စီမံကိန်းများနှင့် နှစ်စဉ်လုပ်ငန်းစီမံချက်များရေးဆွဲ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးပညာပေးရေးနှင့် အသိပညာပြန့်ပွားရေး မြှင့်တင် ဆောင်ရွက်မှုအနေဖြင့် နိုင်ငံတော်ယန္တရား အသီးသီးမှ တာဝန်ရှိသူများ အပါအဝင် အလွှာအသီးသီးမှ ပြည်သူများအတွက် ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ သင်ခန်းစာများ ပို့ချခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ လူ့အခွင့်အရေးပညာပေး စာစောင်များ၊ ဗွီဒီယိုများ ထုတ်ဝေဖြန့်ချိခြင်းတို့ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် လူသားအားလုံး၊ နိုင်ငံအားလုံးက လိုက်နာဆောင်ရွက် ရမည့် လူ့အခွင့်အရေး “စံနှုန်း” များပါဝင်သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကို မြန်မာဘာသာနှင့် တိုင်းရင်းသားဘာသာစကား (၃၀) မျိုးဖြင့် ဘာသာပြန်ဆို ဖြန့်ချိခြင်း၊ အမြင်အာရုံ ချို့တဲ့သူများအတွက် မျက်မမြင်လက်စမ်းဘာသာ (Braille) ဖြင့် ပြုစုဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအနေဖြင့် လူ့အခွင့်အရေးဖောက်ဖျက်ခံရမှုနှင့် စပ်လျဉ်းသည့် တိုင်ကြားစာများကို စိစစ်၍ တိုင်ကြားစာပါ နစ်နာမှုအတွက် ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်ကာ ကုစားမှုများ ဆောင်ရွက် ပေးခြင်း၊ လိုအပ်ပါက ကွင်းဆင်းစစ်ဆေးခြင်း၊ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းများ၊ အချုပ်ခန်းများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ ကြည့်ရှုစစ်ဆေးပြီး အကြံပြုချက်များ ပေးပို့ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်၏ အကြံပြုချက်များကို သက်ဆိုင်ရာအဖွဲ့အစည်း များက အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုဖြင့် အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံ‌နေရသူ များ၊ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းခံရသူများ၏ အခြေခံအခွင့်အရေးများ ပိုမိုပြည့်ဝစွာ ရရှိခံစား နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါသည်။

ကော်မရှင်ပေါ်ပေါက်လာပြီးနောက် စီးပွားရေး၊လူမှုရေးနှင့်ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (International Covenant on Economic, Social and Cultural Rights -ICESCR) နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ် (Optional Protocol to the Convention on the Rights of the Child on the Involvement of Children in Armed Conflict – CRC-OP-AC) တို့ကို မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ကော်မရှင်က အကြံပြုတိုက်တွန်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၌ မြန်မာနိုင်ငံက ယင်းစာချုပ်များတွင် ပါဝင်ချုပ်ဆိုခဲ့ပါသည်။ ပြည်တွင်းတည်ဆဲဥပဒေများနှင့် ဥပဒေမူကြမ်းများကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစံနှုန်းများနှင့်လိုက်လျောညီထွေမှုရှိစေရန်လူ့အခွင့်အရေးရှုထောင့် မှ အကြံပြုချက်များကို သက်ဆိုင်ရာသို့ ပေးပို့ခဲ့ရာ တိုးတက်ဖြစ်ပေါ်မှုများရရှိခဲ့ပါသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်ကြီး (၉) ခု အနက် စာချုပ်(၇)ခု နှင့် နောက်ဆက် တွဲစာချုပ် (၅) ခုတို့ကို ကော်မရှင်က မြန်မာဘာသာပြန်ဆို၍ ပုံနှိပ် ဖြန့်ချိခဲ့ပါသည်။

ကော်မရှင်၏ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် သဘောထားအမြင်များကို ပြည်သူများသိရှိနိုင်စေရန်အတွက် နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများ၊ ကော်မရှင် website နှင့် Myanmar National Portal တို့မှ တစ်ဆင့် သတင်းထုတ်ပြန်ချက်များထုတ်ပြန်လျက်ရှိရာတွင် ကလေးသူငယ်များ၊ သက်ကြီးပုဂ္ဂိုလ်များ ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ အစရှိသည့် ထိခိုက်လွယ် အုပ်စုဝင်များ၏ အခွင့်အရေးများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်များ၊ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် တိုက်တွန်းအားပေးသည့် ထုတ်ပြန်ချက်များ၊ နိုင်ငံသူ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်ရှင်သန်ခွင့်အစရှိသည့် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်းသည့်ထုတ်ပြန်ချက်များ၊ ကော်မရှင်၏လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက် ရေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသော ထုတ်ပြန်ချက်များ၊ လူ့အခွင့်အရေးဆိုင်ရာ အထိမ်းအမှတ် နေ့ရက်များအား ကြိုဆိုသော ထုတ်ပြန်ချက်များ စသည်တို့ကို ထုတ်ပြန်ခဲ့ပါသည်။ အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားများကို နိုင်ငံတော်အဆင့်အခမ်းအနား (၄) ကြိမ်အပါအဝင် နှစ်စဉ်ကျင်းပခဲ့ပါသည်။

ကော်မရှင်သည် ကော်မရှင် ဥပဒေ ပုဒ်မ ၂၂ (ဆ) အရ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ အစည်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နိုင်ငံ တကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် အစည်းအဝေး များ တက်ရောက်ခြင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဆွေးနွေးပွဲများနှင့် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများတက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ကော်မရှင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ကော်မရှင်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (Memorandum of Cooperation - MOC) ကို လက်မှတ်ရေးထိုးခဲ့ပြီး လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကိစ္စရပ် များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကော်မရှင်သည် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဝာာဝန်တစ်ရပ်ဖြစ်သော လူ့အခွင့်အရေး ရှုထောင့်မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းကို မကြာမီက အောင်မြင် စွာ ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ အပိုင်း ၃ ပိုင်းလုံးတွင် ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲ နှင့်စပ်လျဉ်းသည့် နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ အကြံပြုချက်များ ပါဝင်သော အစီရင်ခံစာ များ ပြုစုတင်ပြခဲ့ပါသည်။

ကော်မရှင်သည် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ နိုင်ငံတော်၏ လူ့အခွင့်အရေးခြေအနေနှင့် ကော်မရှင်၏ ဆောင်ရွက်မှုများ၊ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ သင့်လျော်သည့် အကြံပြု ထောက်ခံချက်များ ပါဝင်သော နှစ်ပတ်လည်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်သို့တင်ပြခဲ့ပြီး လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့်အထူးအစီရင်ခံစာများကိုလည်းနိုင်ငံတော် သမ္မတထံ တင်ပြခဲ့ပါသည်။

ကော်မရှင် သက်တမ်း ၁၅ နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ၊ မန္တလေးငလျင် ကြီးနှင့် မိုခါမုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ၊ နိုင်ငံ၏အရေးပေါ်အခြေအနေများ၊ ပြည်တွင်းမငြိမ်သက်မှုများစသည့် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ယင်းအခြေအနေများတွင်ပင် ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် နိုင်ငံသူနိုင်ငံသားများ၏ အခြေခံအခွင့်အရေးများနှင့် လူ့အခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download ရယူရန်

Video