မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Latest News
Ministry of Information / Posted on March 28, 2026
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှုလွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးလျက်ရှိပြီး ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလွယ်ကူလျင်မြန်စေရန် ရထားလမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ပြုပြင်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ပဲခူး - မော်လမြိုင် ရထားလမ်းပိုင်းအား တာပေါင်အကျယ်ကျဉ်းနေသောနေရာများ မြေဖို့ခြင်း၊ တစ်မိုင်လျှင် ကျင်း ၅၀၀ ကျောက် ဖြည့်တင်းခြင်း၊ လမ်းပိုင်းအား ကျောက်ပက်ကင်ရိုက်ခြင်း လုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီမှစ၍ ဆောင်ရွက်လျက်ရှိသည်။
Ministry of Information / Posted on March 28, 2026
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ၅၂ စက္ကန့်တွင် လှုပ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးမှာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်တွင် မြောက်မှတောင်သို့ တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့ကြောကြီးတစ်လျှောက် ပြင်းအားရစ်ခ်တာစကေး ၇ ဒသမ ၇ ဖြင့် လှုပ်ခတ်သွားသည့် အဆိုပါမြေငလျင်ကြီးမှာ မှတ်တမ်းတင်နိုင်ခဲ့သမျှ မြန်မာ့မြေငလျင်သမိုင်းတွင် ဒုတိယအပြင်းထန်ဆုံး မြေငလျင်ကြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးအများအပြားမှာ စစ်ကိုင်းပြတ်ရွေ့ကြောကြီး တစ်လျှောက်တွင် တည်ရှိနေခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုမှာလည်း များပြားလှသည်။
Ministry of Information / Posted on March 27, 2026
(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ကြမည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် ၁ ဦးနှင့် တတိယအဆင့် ၂ ဦး စုစုပေါင်း ၃ ဦးတို့အား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ ဂါရဝပြုတွေ့ဆုံသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Downloadမြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications/ Naypyitaw / March 25, 2026
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း မှ မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့ကော်ဖီကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအား ၂၀၂၆ ခုနှစ်၊ မတ်လ (၂၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း (၁၀)ရက် (သောကြာနေ့) နံနက် (၀၉း၃၀)နာရီ အချိန်မှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွား မည်ဖြစ်ပါသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၆ ခုနှစ်၊ မတ်လ(၂၇)ရက် (သောကြာနေ့)တွင် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ပါသည်။
တံဆိပ်ခေါင်းနှင့် ပထမနေ့စာအိတ် (Firstday Cover) များအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။ တံဆိပ်ခေါင်းနှင့် ပထမနေ့စာအိတ် (Firstday Cover) ဝယ်ယူလိုသူများအနေဖြင့် -
ဒေါ်ခင်ညိုညိုမြင့်၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟို စာတိုက်ကြီး)၊ ၀၉-၄၄၈၀၀၀၀၉၆
ဦးအောင်စိုး၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၄၅၈
ဦးတင်မောင်မြင့်၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၅၁၅ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
