မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Latest News

Ministry of Information / Posted on October 18, 2025
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ နေအိမ်များ၊ စက်ရုံ အလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

Ministry of Information / Posted on October 18, 2025
နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပ လေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ သော ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများသည် ယမန်နေ့ နံနက်ပိုင်းက စင်ကာပူနိုင်ငံမှ လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိကြသည်။

Ministry of Information / Posted on October 18, 2025
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။
Newspaper

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Downloadမြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / June 02, 2025
၁။ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) အသင်းဝင် ကုမ္ပဏီများအနေဖြင့် တောင်သူများအဓိကသုံးစွဲလျက်ရှိသော အောက်ပါမြေဩဇာများကို ပူးတွဲပါ ဈေးနှုန်းများအတိုင်း ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ၁-၆-၂၀၂၅ မှ ၃၀-၆-၂၀၂၅ ရက်ထိ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည် -
(က) |
ယူရီးယား(အလုံးကြီး) |
၅၀ ကီလိုတစ်အိတ် |
၉၅,၀၀၀ ကျပ် |
( ခ) |
Rock Phosphate အခြေခံ ၁၅ ပတ်လည် |
၅၀ ကီလိုတစ်အိတ် |
၁၂၄,၀၀၀ ကျပ် |
( ဂ) |
Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် |
၅၀ ကီလိုတစ်အိတ် |
၁၃၅,၀၀၀ ကျပ် |
၂။ အထက်ပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးနှုန်းများဖြစ်သဖြင့် ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေများအပေါ်တွင် မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါသည်။
၃။ ရည်ညွှန်းဈေးများကို သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ် ပါသည်။
၄။ အောက်ပါဖုန်းနံပါတ်များသို့ စုံစမ်းဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်-
(က) ဦးဆောင်ကော်မတီ ၀၆၇-၄၁၀၀၃၂
( ခ) MFSPEA အသင်း ၀၉-၉၈၈၅၃၉၃၆၀
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ