သတင်းထုတ်ပြန်ချက်
Latest News

Ministry of Information / Posted on August 10, 2025
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ဩဂုတ်လ ၈ ရက်နေ့က ဆိုင်ကယ်လုယက်မှု ကျူးလွန်သူအမျိုးသား ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Ministry of Information / Posted on August 10, 2025
၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဒေါ်စမ်းစမ်းအေး (၅၉) နှစ်သည် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ဦးလတ်ခန်အရေ (၃၀) နှစ်နှင့်အတူ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာမှ နေအိမ်သို့ပြန်ရန် မြန်မာပလာဇာအောက်ထပ်ကားပါကင်၌ ရပ်ထားသည့် ကားအနီးသို့ ရောက်ရှိစဉ် အမျိုးသားနှစ်ဦး (စိစစ်ဆဲ) မှ ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စမ်းစမ်းအေးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးလတ်ခန်အရေတွင် ဓားဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဗဟန်းမြို့ မရဲစခန်း၌ (ပ) ၁၉၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

Ministry of Information / Posted on August 10, 2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။
သတင်းထုတ်ပြန်ချက်
Ministry of Information/ Naypyitaw / August 09, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက လက်မှတ်ရေးထိုးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။
၉-၈-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲများဖြစ်သည့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom ၊ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mrs. Ponnamperuma Arachchige Prabashini Ponnamperuma ၊ အင်ဒိုနီးရှားနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Muhammad Arif Hidayatullah ၊ ပါကစ္စတန်နိုင်ငံသံရုံးယာယီ တာဝန်ခံ Mr. Anwar Zeb၊ ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံ Dr. Rashid Abdulla AL-Kuwari ၊ ဘရူနိုင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Aizul Aziz ၊ ဆောဒီအာရေဗျနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Abdullah A. Al-Hoshan တို့က ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးသော သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ ကျန်ရစ်သူမိသားစုသို့ ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားများ ပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်