Latest News

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Ministry of Information / Posted on September 03, 2025

၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

(၁၈) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ (18th ASEAN Ministerial Meeting on Environment (18th AMME) and Related Meetings) ကျင်းပခြင်း သတင်းထုတ်ပြန်ချက်

Ministry of Natural Resources & Environmental Conservation / Posted on September 03, 2025

(၁၈) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မှ ၄ ရက်နေ့အထိ Hybrid စနစ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အစည်းအဝေးဒုတိယနေ့ဖြစ်သည့် ၃-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၁၈) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ (18th AMME and Related Meetings) နှင့် (၂၀) ကြိမ်မြောက် အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (COP-20 AATHP) များသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ

ကျောက်ဆည်ခရိုင်တွင် ငွေကျပ် ၃ ဒသမ ဝဝ၃ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၂ဝ ဒသမ ၁၂ ကီလို ဖမ်းဆီးရမိ

Ministry of Information / Posted on September 03, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီခွဲအချိန်သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အမှတ် (၃) ခရိုင် ချင်းဆက်လမ်း၌ ဉာဏ်လင်းမောင်းနှင်ပြီး လှခိုင်လိုက်ပါလာသော TOYOTA LITEACE မော်တော်ယာဉ်၊ စံဝင်းလင်းမောင်းနှင်သည့် IZONE မော်တော်ယာဉ်နှင့် ထက်အောင်ဇော်မောင်းနှင်သည့် ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူအလေးချိန် ၁၂၀ ဒသမ ၁၂ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၀၀၃ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း၊

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / August 25, 2025


                                                                            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

                                                                           သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

                                                                                ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

၁။      ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အောက်ပါသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ပေးအပ်မည့်ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)

                   B.BSc (Regional Development)

          (ခ)     စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ)

                   B.BSc (Accounting and Finance)

          (ဂ)     စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ)

                   B.BSc (Applied Statistics)

          (ဃ)    စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ)        

                   B.BSc (Marketing Management)

          (င)     စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ)

                   B.BSc (Social Enterprise Management)

၂။       ဘွဲ့အတွက်သင်တန်းကာလမှာ (၄)နှစ် ဖြစ်ပါသည်။

၃။      အဆိုပါသင်တန်းများသို့လျှောက်ထားသူများသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ (မည့်သည့်ဘာသာတွဲမဆို) ဖြစ်ရမည်။

၄။      သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ လျှောက်ထားသူများအနက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အပေါ်မူတည်၍ ရမှတ်အများအနည်း အလိုက် စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။

၅။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများပူးတွဲတင်ပြရမည်-

          (က)    တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ

          (ခ)     အမှတ်စာရင်းမူရင်း

          (ဂ)     ပတ်စပို့စ်ဆိုဒ်(1.3″x1.1″) ဓာတ်ပုံ-၄ပုံ

          (ဃ)    လျှောက်ထားသူနှင့် ၎င်း၏ မိဘ(၂)ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

၆။      သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာ ပုံစံကို ၂၈-၈-၂၀၂၅ (ကြာသပတေးနေ့)မှ စတင်၍  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website https://www.mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) Website https://www.ucmt.edu.mm တို့မှ Download ရယူ၍လည်းကောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ သင်တန်းရေးရာဌာနမှလည်းကောင်းရယူ၍ စာတိုက်မှဖြစ်စေ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတစ်ဆင့်ပေးပို့၍ဖြစ်စေ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားရမည်။

၇။      သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပထမနှစ်သင်တန်းဝင်ခွင့် လျှောက်ထား ခြင်းကို ၂၈-၈-၂၀၂၅ (ကြာသပတေးနေ့)မှ ၁၇-၁၀-၂၀၂၅ (သောကြာနေ့)အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။

၈။         ဝင်ခွင့်လျှောက်လွှာများတွင် ဖြည့်စွက်ထားသည့်အချက်များ ပြည့်စုံမှန်ကန်ခြင်း မရှိပါက ထည့်သွင်းစဉ်စားမည်မဟုတ်ပါ။

၉။         တက္ကသိုလ်ဝင်ခွင့် ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website https:// www.mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) Website https:// www.ucmt.edu.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၁၀။    ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ သန်လျင်မြို့သို့ တိုက်ရိုက်လျှောက်ထားရမည်။

၁၁။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၇၉၅၃၀၀၁၅၁  သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023