စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေရယူနိုင်ရန် တောင်သူဦးကြီးများသို့ အသိပေးကြေညာချက်

နောက်ဆုံးရသတင်းများ

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 27, 2024

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့် ၎င်းတို့၏ ဇနီးများအား ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ သည်။

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအား လက်ခံတွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 27, 2024

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအား ယနေ့တွင် နေပြည်တော်၌လက်ခံတွေ့ဆုံသည်။

စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 27, 2024

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေရယူနိုင်ရန် တောင်သူဦးကြီးများသို့ အသိပေးကြေညာချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 02, 2023
image


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များ ဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း တို့အတွက် အရင်းအနှီးလိုအပ်ချက်ရှိသူ တောင်သူဦးကြီးများသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို ၁ နှစ်လျှင် အတိုးနှုန်း ၅ % ဖြင့် ထုတ်ချေးပေးလျက်ရှိပါသည်။

ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံး ကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့ (၁) ဖွဲ့အတွက် အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ရယူထုတ်ချေးနိုင်ပြီး တောင်သူစိတ်ကြိုက် ဝယ်ယူလိုသည့် လယ်ယာသုံးစက်ကိရိယာများကို စက်ကိရိယာ အရောင်းပြခန်းကုမ္ပဏီများ ထဲတွင် ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ချေးငွေပေးဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက်ချေးငွေအတွက် ၃ နှစ် ၃ ရစ်၊ အဆိုပါစက်များမှအပ ကျန်စက်ကိရိယာများ အတွက် ၅ နှစ် ၅ ရစ် ပေးဆပ်သည့်စနစ်ဖြစ်ပါသည်။

ချေးငွေရယူလိုသော တောင်သူဦးကြီးများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ ခရိုင်/ မြို့နယ်ဘဏ်ခွဲများနှင့်ဆက်သွယ်၍ ချေးငွေအတွက် တင်သွင်းရမည့်အာမခံနှင့် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို စုံစမ်းမေးမြန်းပြီး ချေးငွေ လျှောက်ထားရယူနိုင် ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ချေးငွေနှင့်စပ်လျဉ်း၍ သိရှိလိုပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ၏ လိပ်စာ၊ အမှတ် ၂၆/၄၂၊ ပန်းဆိုးတန်းလမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း - ၀၁-၈၃၉၁၂၃၅ သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန