Latest News

ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Ministry of Cooperatives and Rural Development / Posted on June 04, 2023

ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တာဝန်ရှိသူများ ရသေ့တောင်မြို့နယ်သို့ ပို့ဆောင်မည့် ဘက်စုံသုံးထွန်စက်များ တပ်မတော်ကမ်းထိုးရေယာဉ်များပေါ်သို့ တင်ဆောင်နေမှုကြည့်ရှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on June 05, 2023

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ်ကြီးကြပ်ရန် စစ်တွေမြို့၌ ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်သက်ခိုင်၊ ဦးအောင်သော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စိုးရအဖွဲ့ရုံး၌ ကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီး နှုတ်ဆက်ပွဲနေ့ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုအားပေး

Ministry of Information / Posted on June 05, 2023

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရန်ပုံငွေပဒေသာကပွဲကြီးကို ဇွန် ၂ ရက်မှစတင်၍ ဖျော်ဖြေတင်ဆက်ခဲ့ရာ ယနေ့နောက်ဆုံးနှုတ်ဆက်ပွဲနေ့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကြည့်ရှုအားပေးကြသည်။

Newspaper

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

နိုင်ငံရေးပါတီများတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များလျှောက်ထား


Ministry of Information/ Naypyitaw / March 28, 2023
image


နေပြည်တော် မတ် ၂၈

ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီ ရှိပြီဖြစ်သည်။ ထိုသို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားပြီးသည့်ပါတီများတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥပဒေအမှတ်၊ ၂/၂၀၁၀) အရ တည်ရှိနေသောပါတီများသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၁၅/ ၂၀၂၃) ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားရမည့် သတ်မှတ်ကာလမှာ ယနေ့တွင် ကုန်ဆုံးသွားပြီဖြစ်ပါသည်။ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ ပါတီတို့သည် နိုင်ငံရေးပါတီအဖြစ်မှအလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၅ / ၂၀၂၃ ) ဖြင့် ယင်းပါတီများကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းပြီးဖြစ်သည်။

နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူများနှင့် မှတ်ပုံတင်လိုသူများသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်လျှောက်ထားဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။

Video