မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်(၂/၂၀၂၄)
Latest News
Kayin State Government / Posted on May 03, 2024
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် ဆန်ရိက္ခာထောက်ပံ့
Ministry of Home Affairs / Posted on May 03, 2024
၂၀၂၄ ခုနှစ်၊ မေ ၅ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ..............
Newspaper
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Downloadမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်(၂/၂၀၂၄)
Myanmar National Human Rights Commission/ Yangon / April 17, 2024
၁။ မြန်မာနှစ်သစ်မင်္ဂလာအခါသမယဖြစ်သော ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် (၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်) နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ အမိန့်အမှတ် (၂၉/၂၀၂၄) ဖြင့် သတ်မှတ်ထားသော ပြစ်မှုများမှအပ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်း သား/သူများကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာ ခွင့်ပြုခြင်း၊ အမိန့်အမှတ် (၃၀/၂၀၂၄) ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၃၃၀၃ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။
၂။ ထို့ပြင် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုကာ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် (၃၁/၂၀၂၄) ဖြင့် အကျဉ်းထောင်/ အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် နိုင်ငံခြားသား အကျဉ်း သား/ သူ ၈ ဦးနှင့် အမိန့်အမှတ် (၃၂/၂၀၂၄) ဖြင့် အင်ဒိုနီးရှား နိုင်ငံသား ၁၃ ဦး၊ သီရိလင်္ကာနိုင်ငံသား ၁၅ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင် ဒဏ်ပေးခဲ့ပါသည်။
၃။ ဤသို့ လုပ်ဆောင်ချက်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူ့အခွင့်အရေး ဆိုင်ရာ အပြုသဘောဆောင်သော ဆောင်ရွက်ချက်ဖြစ်သည့်အပြင် လူမှုရေးအရ ငဲ့ညှာထောက်ထား ရာ ရောက်ပါသည်။ ပြစ်ဒဏ်သက်သာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရသူများသည် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရကြမည်ဖြစ်ပေရာ အခြေခံလူ့အဖွဲ့အစည်းဖြစ်သော မိသားစုကို နိုင်ငံတော် က ကာကွယ်စောင့်ရှောက်ပေးရာလည်းရောက်ပါသည်။ ယင်းတို့ အနေဖြင့် နိုင်ငံတော် တည်ဆောက် ရေး ကဏ္ဍများတွင် ကျရာနေရာမှ ပါဝင်နိုင်မည်ဟု ယုံကြည်ပါသည်။
၄။ နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူများကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြု ခြင်းသည် ကမ္ဘာ့မိသားစုဝင်နိုင်ငံအချင်းချင်း နားလည်မှုကို တည်ဆောက်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြှင့်တင်ရာ ရောက်သည်ဟု ရှုမြင်ပါသည်။
၅။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် သက်ဆိုင်သည့် မိသားစုဝင်များနှင့် ထပ်တူဝမ်းမြောက်ပီတိ ဖြစ်ရပါကြောင်းနှင့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ဆောင်ရွက်ချက်များကို ကြိုဆိုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
Download