Latest News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၇ /၂၀၂၄)

Ministry of Information / Posted on July 03, 2024

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်ကသတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိလူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပြီး နိုင်ငံအတွက်အဖိုးတန်သော လူသားအရင်းအမြစ် များဖြစ်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေးရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် ခွဲခြားဆက်ဆံမှုကင်းစွာ ပါဝင် ဆောင်ရွက်ခွင့်ရှိသူများ ဖြစ်ပါသည်။

မြန်မာအမျိုးသမီးများနေ့

Ministry of Information / Posted on July 03, 2024

မြန်မာအမျိုးသမီးများနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်

ရေကြီးရေလျှံသဘာဝဘေးကို ကြိုတင်ပြင်ဆင်

Ministry of Information / Posted on July 03, 2024

မြစ်များသည် အများအားဖြင့် တောင်ကုန်းတောင်တန်း၊ အရည်ပျော်နေသော ရေခဲမြစ်များမှ မြစ်ဖျားခံကာ မြေနိမ့်ပိုင်းသို့ စီးဆင်းသွားသည်။ မြန်မာနိုင်ငံရှိ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်ကြီးသုံးသွယ်သည် မြင့်မားသော တောင်ကုန်းတောင်တန်းများမှ စီးဆင်းလျက်ရှိသည်။ ယခုမိုးရာသီကာလ အရှိန်ရလာသောအခါတွင် တောင်ကုန်းတောင်တန်းများမှ စီးဆင်းလာသော အဆိုပါမြစ်ရေများကြောင့် မြေပြန့်ဒေသများတွင် ရေကြီးရေလျှံအန္တရာယ်များနှင့် ကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

Newspaper

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် ( ၆ / ၂၀၂၄)


Myanmar National Human Rights Commission/ Yangon / July 01, 2024


၁။ နိုင်ငံတစ်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ဆောင်ရွက်ခြင်းသည် အဆိုပါ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍအားလုံးအပေါ် ဆိုးကျိုး သက်ရောက်စေပြီး နိုင်ငံသားများ၏ လူမှုစီးပွား အခွင့်အလမ်းများအတွက် အကန့်အသတ်များလည်း ဖြစ်ပေါ်စေနိုင်ပါသည်။

၂။ စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသောနိုင်ငံများတွင် ဘဏ်များ၏ အခန်းကဏ္ဍသည် အဓိကကျပြီး လူအများ၏ နေ့စဉ် လူမှုစီးပွားဘဝနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းပြည်ပ ကုန်သွယ်မှု များတွင် ဘဏ်ဝန်ဆောင်မှုများကို အားထားဆောင်ရွက်ကြရပါသည်။

၃။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေး၌ မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့အား အရေးယူပေးရန် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၄။ ဘဏ်များအား ပိတ်ဆို့အရေးယူဆောင်ရွက်ခြင်းသည် ပြည်သူများ၏ စီးပွားရေးအခွင့်အလမ်းများနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း ကော်မရှင်အနေဖြင့် သုံးသပ်မိပါသည်။

၅။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်တစ်ရပ်ဖြစ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်၏ အပိုဒ် (၁)၊ အပိုဒ်ခွဲ (၂) တွင် “... လူတစ်ဦး၏ အသက်မွေးဝမ်းကျောင်းမှုနည်းလမ်းများကို မည်သည့်အကြောင်းနှင့်မျှ ပိတ်ပင်တားမြစ်ခြင်းမရှိစေရ။” ဟု ပါရှိပါသည်။ စီးပွားရေး ပိတ်ဆို့ခြင်းများသည် လူ့အခွင့်အရေး ရှုထောင့်မှ ရှုမြင်ပါက အပြုသဘော မဆောင်သော အကျိုးသက်ရောက်မှုများသာ ဖြစ်ပေါ်စေနိုင်ပြီး လူမှုစီးပွား ဆိုးကျိုးသံသရာ ရှည်ကြာစေနိုင်သည်ဖြစ်၍ ပြည်သူများ၏ အခြေခံအခွင့်အရေးများ ထိခိုက်နစ်နာမှုမရှိစေရေး သက်ဆိုင်သူအားလုံးက အထူးသတိပြုကြရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023