Latest News

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on April 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေး ကြေညာချက်

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်း

Ministry of Information / Posted on April 27, 2024

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ Orientation ခန်းမ၌ ကျင်းပသည်။

ညစ်ညမ်းသော တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်မှုများနှင့်ပတ်သက်၍ သတိပေးတားမြစ်ခြင်း

Ministry of Information / Posted on April 27, 2024

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြမှုနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း သတင်းမှန်ထုတ်ပြန်ခြင်း


Ministry of Information/ Naypyitaw / September 24, 2022
image


အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာ ပေါင်းစပ်အဖွဲ့ဖြင့် လည်းကောင်း၊ စည်းကြပ်ဥပဒေများဖြင့်လည်းကောင်း မှန်ကန်မှု ရှိ/ မရှိ စိစစ်၍ အလုပ်သမားများ ရပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

Myanmar Labour News၏ ၂-၉-၂၀၂၂ ရက်စွဲပါ လူမှုကွန်ရက်စာမျက်နှာ၌ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Rong Da Garment Co.,Ltd အထည်ချုပ်စက်ရုံရှိ အလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း နားရက်မရှိ အလုပ်လုပ်နေရပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၈:၀၀)နာရီမှ ညနေ (၆:၃၀) နာရီအထိ တစ်နေ့အလုပ်ချိန် ၁၀ နာရီ မိနစ် ၃၀ ခန့် အလုပ်လုပ်ကိုင်နေရကြောင်း၊ အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ အချိန်ပိုဆင်းခိုင်းပြီး ည (၇:၀၀) နာရီမှ (၁၂:၀၀)နာရီအထိ အချိန်ပိုလုပ်ကိုင်ရကြောင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အောလင်း၊ အောနိုက်ဆင်းပေးရပြီး လုပ်ငန်းခွင်အတွင်း Super ၊ All Super ၊ Leader များမှ အလုပ်သမားများအား ကြမ်းတမ်းစွာ ပြောဆိုဆဲရေးကြောင်း၊ ဥပဒေပါခွင့်ရက်နှင့် အလုပ်ပိတ်ရက်ခွင့်ခံစားခွင့် မရရှိကြောင်း၊ စံချိန်များ မတရားတောင်းခံပြီး စံချိန်မပြည့်ပါက အလုပ်သမားများအား အချိန်ပိုဆင်းခိုင်း၍ ငြင်းဆန်ပါက လိုင်းစူပါများမှ ဆဲဆိုကာ အလုပ်မှထုတ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ စက်ရုံတွင် ညအိပ်ရန် နေရာစီစဉ်ပေးထားမှု မရှိသောကြောင့် အဆင်ပြေသည့်နေရာတွင် ကြုံသလိုအိပ်ရ၍ ကျန်းမာရေးထိခိုက်လာကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ပါ စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ ဥပဒေမဲ့ အလုပ်မှထုတ်ပယ်နေကြောင်း ဖော်ပြခဲ့ပါသည်။

Myanmar Labour News ၌ ဖော်ပြပါရှိသော သတင်းနှင့်ပတ်သက်ပြီး ၇-၉-၂၀၂၂ ရက်နေ့ မွန်းလွဲ (၃:၀၀)နာရီတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနတို့၏ တာဝန်ခံအရာရှိများသည် စက်ရုံသို့ သွားရောက်၍ လုပ်ငန်းပိုင်ရှင်၊ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များနှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းခဲ့ရာ သတင်းအမှန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    တစ်ရက်အလုပ်ချိန်မှာ နံနက်(၈:၀၀)နာရီမှ ညနေ(၄:၀၀) နာရီအထိဖြစ်ပြီး၊ နားချိန် (၁၂:၀၀) နာရီမှ (၁၂:၃၀)နာရီအထိဖြစ်ကြောင်း၊

( ခ )   အချိန်ပိုခိုင်းစေမှုရှိပြီး အလုပ်သမားများ၏ သဘောတူညီမှုရယူပြီး ဤဦးစီးဌာန ခွင့်ပြုချက်ဖြင့် ညနေ(၄:၃၀) နာရီမှ (၆:၃၀)နာရီအထိ လုပ်ကိုင်ကြောင်း၊

( ဂ )   တနင်္ဂနွေနေ့များတွင် အလုပ်လုပ်ကိုင်ရပါက အလုပ်သမားများ၏ သဘောဆန္ဒရယူ၍ ဤဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ကြောင်း၊

(ဃ)    အများပြည်သူပိတ်ရက်များတွင် အလုပ်လုပ်ကိုင်ရခြင်း မရှိကြောင်း၊

( င )   ဥပဒေပါခွင့်ရက်များ တောင်းခံလာပါက ခံစားခွင့်ပေးကြောင်း၊

( စ )   အလုပ်သမားများအား စံချိန်မတရားတောင်းပြီး ဆဲဆိုခြင်းများ မရှိကြောင်း၊

(ဆ)    ညဆိုင်းခိုင်းစေခြင်း မရှိသောကြောင့် ညအိပ်ရန်နေရာ စီစဉ်ရန် မလိုအပ်ပါကြောင်း၊

( ဇ )   အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပြီး ဥပဒေမဲ့ ထုတ်ပယ်ခြင်း မရှိကြောင်း။

သို့ဖြစ်ပါ၍ Myanmar Labour News တွင်ဖော်ပြပါရှိသော Rong Da Garment Co.,Ltd., အထည်ချုပ်စက်ရုံနှင့် ပတ်သက်သည့်သတင်းမှာ စက်ရုံများတွင် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းသာယာမှု ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်ခြင်းသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း သတင်းမှန် ထုတ်ပြန်အပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023