ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / April 24, 2026
နေပြည်တော် ဧပြီ ၂၃
ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ်(၃၁) သာသနာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တပ်မတော်မှတာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုနှစ် ဧပြီ ၃၀ ရက်တွင်ကျရောက်မည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနား ငါးမျိုးကို ယခင်နှစ်များနည်းတူ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်နှင့် ဥပ္ပါတသန္တိစေတီတော်တို့တွင် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရာသီဥတုပူပြင်းလာ သည်နှင့်အညီ မိုး၊ လေ ပါလာတတ်သည့်အတွက် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့်ကိစ္စများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ အခမ်းအနားကြီးသို့ ပင့်ဆောင်တော်မူမည့် ဆရာတော်ကြီးများ၏ ကျန်းမာရေး၊ ပါဝင်ဆောင်ရွက်ကြမည့်ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးကို အထူးဂရုပြု ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သွားလာနေထိုင်ရေးများကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အခမ်းအနားအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် စီမံချက်ရေးဆွဲထားရှိပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် “ဗျာဒိတ်တော်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ပွင့်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်း” သရုပ်ပြယာဉ်များ တာဝန်ပေးအပ်ထားသည့် အခြေအနေများကို တင်ပြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက “ပွင့်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်း” အစီအစဉ်များတွင် လိုက်ပါမည့် ကျောင်းသား ကျောင်းသူများကို လေ့ကျင့်ရေးစခန်းသို့ အချိန်မီစေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ကောင်းမွန်သူများကိုသာ ရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ နေထိုင်ရေးနှင့် စားသောက်ရေး အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တင်ပြသည်။
ယင်းနောက်“ဗျာဒိတ်တော် ခံယူတော်မူခြင်း” သရုပ်ပြယာဉ် တည်ဆောက်ပြီးမှုကို ပြည်ထဲရေးဝန်ကြီးဌာနက လည်းကောင်း၊ “ဖွားမြင်တော်မူခြင်း” သရုပ်ပြယာဉ် တည်ဆောက်ပြီးစီးမှုကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်းကောင်း၊ “ပွင့်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း” သရုပ်ပြယာဉ် တည်ဆောက်ပြီးစီးမှုကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးက ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာမဟာမင်္ဂလာအခမ်းအနားများ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့ ဧပြီ ၃၀ ရက်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကို နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လှူဖွယ်ပစ္စည်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ၊ စာတမ်းဖတ်ပွဲ၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ၊ ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည်ပူဇော်ပွဲ၊ ဓမ္မသဘင်ဆင်ယင်ကျင်းပပွဲအခမ်းအနားတို့ကို နိုင်ငံတော်အဆင့် အခမ်းအနားများအဖြစ် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Ministry of Information / Posted on April 24, 2026
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Ministry of Information / Posted on April 24, 2026
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
Ministry of Information / Posted on April 23, 2026
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
