ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / April 25, 2026
image_latest


နေပြည်တော် ဧပြီ ၂၄

“ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနား”ကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) တွင် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “For Every Generation, Vaccines Work” ဖြစ်ပြီး မြန်မာဘာသာဖြင့် “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား” ဟု ဘာသာပြန်ဆိုထားပါကြောင်း၊ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုး လုပ်ငန်းကို ၁၈၈၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပြီး ယခုအခါရောဂါ ၁၃ မျိုးကို ကာကွယ်သော ကာကွယ်ဆေးများကို ကမ္ဘာ့နိုင်ငံများနည်းတူ တိုးချဲ့ထိုးနှံပေးလျက်ရှိပြီး မျိုးဆက်တိုင်းကို ကာကွယ်ပေးလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုကို ဆန်းစစ်ရာတွင် ၂၀၂၁ ခုနှစ်၌ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကာကွယ်ဆေးများ၏ လွှမ်းခြုံမှုအခြေအနေမှာ ၅၀ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ကာကွယ်ဆေးများ၏ လွှမ်းခြုံမှုရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းအထက် ရောက်ရှိခဲ့ပြီးဖြစ်သည့်အတွက် လွှမ်းခြုံမှုရာခိုင်နှုန်းများ ပြန်လည်တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်သမ္မတ၏ ရက်ပေါင်း (၁၀၀) စီမံချက်ကာလအတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းပါရှိပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးအပြီး ခုနစ်ရက်အတွင်းတွင် ထိခိုက်ဒဏ်ရာရရှိသူများ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ကလေးမိဘများက အားကောင်းစွာ ပူးပေါင်း၍ ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ outbreak သဖွယ် အစုလိုက်ဖြစ်ပွားမှုမရှိပါကြောင်း၊ နိုင်ငံတော်မှလည်း ကာကွယ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် နိုင်ငံတော်ရန်ပုံငွေမှ အလုံးစုံကျခံ၍ ဝယ်ယူသည့်နည်းလမ်း (Self-financing)၊ နိုင်ငံတော်နှင့် GAVI တို့ အချိုးကျထည့်ဝင်၍ ဝယ်ယူသည့်နည်းလမ်း (Co-financing) တို့ဖြင့် နှစ်စဉ် နိုင်ငံပိုင် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်အထိ ကျခံသုံးစွဲလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုမှတ်တမ်းတင် Documentary Story ပြသခြင်း၊ “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” တေးသီချင်း ဗီဒီယိုပြသခြင်းနှင့် တက်ရောက်လာသူများက ပြခန်းငယ်အားလှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)၊ ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း ၁၇၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Video