ကမ္ဘာ့ဟင်ဒီနေ့ အခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / January 13, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၂

၂၀၂၅ ခုနှစ် ကမ္ဘာ့ဟင်ဒီနေ့အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံး Swami Vivekananda ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။

အခမ်းအနားသို့ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ ဟင်ဒီဘာသာစကားကို စိတ်ဝင်စားကြသော ဝါသနာရှင်များ၊ စာရေးဆရာများ၊ UP Bihar Parishad၊ Ramayana Prachar Prasar Samiti, Yangon၊ Myanmar Hindi Teachers' Association၊ Arya Samaj နှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ကြီးမှူးသော ကျောင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသားများ တက်ရောက်ကြသည်။

ဦးစွာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Shri Abhay Thakur နှင့် ဧည့်သည်တော်များက အခမ်းအနားကို ဆီမီးထွန်းဖွင့်လှစ်ကြပြီး သံအမတ်ကြီး Shri Abhay Thakur က မိန့်ခွန်းပြောကြားသည်။

ထို့နောက် ဟင်ဒီဘာသာဖြင့် ကဗျာရွတ်ဆိုခြင်း၊ ဟောပြောခြင်း၊ အထွေထွေဗဟုသုတပဟေဠိများနှင့် စာစီစာကုံးရေးသားခြင်း၊ ကျောင်းသားများနှင့် ဆရာများ ပါဝင်သောပြိုင်ပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်ကြပြီး "Hindi: Vishwa bandutav ki bhasha" စာအုပ်မိတ်ဆက်အစီအစဉ်ကို ဆောင်ရွက်သည်။

ယင်းနောက် သံအမတ်ကြီး Shri Abhay Thakur က မြန်မာနိုင်ငံရှိ ဟင်ဒီဘာသာစကားသင်ကျောင်းများအတွက် ဖတ်စာအုပ်များကိုပေးအပ်ပြီး ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Ministry of Information / Posted on February 04, 2025

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

Naypyitaw Development Committee / Posted on February 04, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023