ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် စာပေယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးအစည်းအဝေးသို့ မြန်မာစာရေးဆရာအဖွဲ့တက်ရောက်


Ministry of Information/ Naypyitaw / December 28, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၇

ကမ္ဘောဒီးယားနိုင်ငံ စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ မြန်မာ၊ တရုတ်၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့မှ စာပေယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အဖွဲ့ဝင် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်)နှင့် ဦးစိုးမိုးနိုင် (နန်းအောင်လှိုင်)တို့သည် ရန်ကုန်မြို့မှ ဒီဇင်ဘာ ၂ဝ ရက်တွင် ထွက်ခွာပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဖနွမ်းပင်မြို့ Cambodia Japan Co-operation Centre ၌ ၎င်းတို့ နိုင်ငံ၏ ဒုတိယအကြိမ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအလိုက် စာရေးဆရာများ၏ စာပေဘဝခရီးအတွေ့အကြုံနှင့် ရသစာပေအထွေထွေအကြောင်း စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက “A writer is an embassador of culture and peace” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးကာ စာပေပရိသတ်များ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

ဒီဇင်ဘာ ၂၂ ရက်တွင် ဝန်ကြီး H.E. Huot Hak (Minister of Tourism)က ဦးဆောင်၍ လည်းကောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် ဝန်ကြီး H.E. Dr. Phoeurng Sackona (Minister of Culture and Fine Arts)က ဦးဆောင်၍ လည်းကောင်း တက်ရောက်လာကြသည့် နိုင်ငံများအချင်းချင်း စာပေယဉ်ကျေးမှု ငြိမ်းချမ်းရေးဆိုင်ရာများကို အတူတကွပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ်ကာလတွင် ပိုမိုချစ်ခင်စည်းလုံးသောဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ရေးနိုင်ငံအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဗုဒ္ဓဘာသာဗဟိုဌာန (Central Centre of Buddhist of Kingdom of Cambodia)၊ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဖြစ်သော အန်ကောဝပ် ဘုရားကျောင်းတော်ကြီးနှင့် အခြားရှေးဟောင်းယဉ်ကျေးမှုနယ်မြေများသို့ သွားရောက်လေ့လာကြပြီး ဒီဇင်ဘာ ၂၆ ရက်တွင် ဖနွမ်းပင်မြို့ရှိ Win-Win Monument (ငြိမ်းချမ်းရေးပြတိုက်)နှင့် Tuol Sleng Genocid Museum တို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

မောင်နိုင်

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 28, 2025

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023