ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား စစ်ရေယာဉ် (မုတ္တမ)ဖြင့် မြိတ်မြို့မှ ရန်ကုန်မြို့သို့ပို့ဆောင်


Ministry of Information/ Naypyitaw / January 28, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မြန်မာနိုင်ငံသား ၇၂၉ ဦးကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။

ထိုသို့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများအနက် တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသား ၅၄၃ ဦးကို မြိတ်မြို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးနိုင်ရေး မြိတ်မြို့၊ ဆိပ်ငယ်တံတားမှ စစ်ရေယာဉ်များဖြင့် တင်ဆောင်၍ ကျွန်းစုမြို့နယ်၊ မော်တုံးကြီးကျေးရွာအနီးရှိပင်လယ်ပြင်၌ စောင့်ဆိုင်းနေသည့် စစ်ရေယာဉ် (မုတ္တမ)ပေါ်သို့ ပို့ဆောင်ပေးရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ စစ်ရေယာဉ်(မုတ္တမ)သည် ဇန်နဝါရီ ၂၇ ရက် ညပိုင်းတွင် စတင်ထွက်ခွာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများအား စစ်ရေယာဉ်ပေါ်တွင် တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားသောက်နေထိုင်မှုများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့သည်။ စစ်ရေယာဉ်(မုတ္တမ)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အမှတ်(၃)ဆိပ်ခံတံတားသို့ရောက်ရှိကြပြီး သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်ခရိုင်ရုံးမှ တာဝန်ရှိသူများက လူဦးရေတိုက်ဆိုင်စစ်ဆေးခြင်း၊ သန်လျင်ခရိုင် ကျန်မာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးမကောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်အတွင်းရှိဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများအား တစ်ဦးချင်းပေးအပ်သည်။

ထို့နောက် ပြန်လည်ခေါ်ဆောင်လာသော မြန်မာနိုင်ငံသားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့၏ ပြောကြားချက်များကိုလည်း ကြားသိရပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများအနက် ဇန်နဝါရီ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)ဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)ဖြင့် ၅၀ ဦး၊ တပ်မတော်လေယာဉ်များဖြင့် ၃၈၀ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် တပ်မတော်လေယာဉ်များဖြင့် ၁၆၃ ဦးကိုလည်းကောင်း အသီးသီးခေါ်ဆောင်ပေးခဲ့ပြီး စုစုပေါင်းမြန်မာနိုင်ငံသား ၇၂၉ ဦးကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on January 28, 2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

Ministry of Information / Posted on January 28, 2026

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on January 27, 2026

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023