ကရင်ပြည်နယ်လူငယ်စင်တာ၌ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 19, 2025


ဘားအံ နိုဝင်ဘာ ၁၉

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အခြေခံအကျဆုံးအခန်းကဏ္ဍ တွင် တာဝန်ယူဆောင်ရွက်ကြမည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင် များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သောလုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေး၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်ပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ကရင်ပြည်နယ်လူငယ်စင်တာ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုသင်တန်းတွင် ပို့ချသင်ကြားပေးမည့် သင်ခန်း စာများကို စိတ်ပါဝင်စားစွာဖြင့်သင်ယူပြီး လာမည့်ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် မဲပေးမည့်မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဦးကျော်ကျော်ထွန်းက သင်တန်းနှင့်ပတ် သက်သော အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၈၈)အုပ်စု၌ မဲရုံပေါင်း(၂၁၈)ရုံဖြင့်ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ရာ မဲရုံ(၁)ရုံလျှင် မဲရုံမှူး၊ဒုတိယမဲရုံမှူး(၂)ဦးစီဖြင့် သင်တန်းသား ပေါင်း(၄၃၆)ဦးကို သင်တန်းအပတ်စဉ်(၄)ပတ်ခွဲ၍ (၁)ပတ်စဉ်လျှင်(၂)ရက်နှုန်းဖြင့် မဲပေးစက်များထုတ်ယူခြင်း၊ တပ်ဆင် အသုံးပြုခြင်း၊ မဲရုံအဖွဲ့ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲမကျင်းပမီ(၁)ရက်အလိုဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရုံ မဖွင့်မီဆောင်ရွက်ရန်နှင့်မဲပေးနေစဉ်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်ပြီးနောက်ရလဒ်များရေတွက်ခြင်း၊ ပုံစံဖြည့်သွင်းခြင်း၊ ပစ္စည်းများထုတ်ပိုးအပ်နှံခြင်း ကိစ္စရပ်များကို ပို့ချသရုပ်ပြ၍လက်တွေ့ဆောင်ရွက်စေမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး(၂)ဦးစီဖြင့် သင်တန်းသား ပေါင်း(၁၇၆)ဦးကို သင်တန်း(၂)ပတ်စဉ်ဖြင့် မဲပေးစက်ထုတ်ယူခြင်း၊ ထုတ်ပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ မဲစာရင်းကပ် ထားကြေညာခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရုံများပြင်ဆင် ခြင်း၊ မဲရုံများကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာလုပ်ငန်းများကို ပို့ချ သရုပ်ပြလက်တွေ့ဆောင်ရွက်စေမည်ဖြစ်ကာ အဆိုပါ သင်တန်းများကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော မဲရုံမှူး၊ ဒုတိယမဲရုံ မှူး၊ မဲရုံအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို ကြည့်ရှုစစ်ဆေးခဲ့ကြခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No (14/ 2025)

Myanmar National Human Rights Commission / Posted on November 20, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023