ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဒုံးအကပြိုင်ပွဲ ကြည့်ရှုအားပေး ထွန်းထွန်းမင်းနှင့်သွေးသစ်ဝင်းလှိုင်အလူးအလဲဖြင့်ပူးတွဲသရေရလာဒ်ထွက်ပေါ်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / November 12, 2024


ဘားအံ - နိုဝင်ဘာ (၁၀)

ကရင်တိုင်းရင်းသားတို့၏ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်ကို မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲ၊ ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပ လျက်ရှိရာ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် မြန်မာ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲ အထူးစာချုပ်စိန်ခေါ်ပွဲများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးနေ့ဖြစ်သည်နှင့်အညီ ကလေးပွဲ ၅ ပွဲ၊ လူလတ်စိန်ခေါ်ပွဲ ၄ ပွဲ၊ ၁၀ သိန်းရိုးရာအောင်လံနှင့် ၁၅ သိန်းရိုးရာအောင်လံဗိုလ်လုပွဲများ၊ ၃ ချီစာချုပ်စိန်ခေါ်ပွဲ ၁၅ ပွဲ၊ အမျိုးသမီး ၃ ချီစာချုပ်စိန်ခေါ်ပွဲ ၃ ပွဲ၊ ၅ ချီစာချုပ်စိန်ခေါ်ပွဲ ၂ ပွဲတို့ဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြရာ အနယ်နယ်အရပ်ရပ်မှလက်ဝှေ့ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးမှုအထူးများပြားခဲ့ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ယှဉ်ပြိုင်ထိုးသတ်ကြေးနှင့်ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပရိတ်သတ်များမျှော်လင့်စောင့်စားနေသောခေါင်ပွဲစဉ်အဖြစ် ထွန်းထွန်းမင်း(GCC)ကလပ်နှင့် သွေးသစ်ဝင်းလှိုင်(FAMILY)ကလပ်တို့ယှဉ်ပြိုင်ထိုးသတ်ကြရာ သွေးသစ်ဝင်းလှိုင်၏လက်သီးချက်များကြောင့် ဒုတိယ အချီတွင် ထွန်းထွန်းမင်းအနားတောင်းခဲ့ရပြီး တတိယအချီတွင် အမှတ်စဉ်ရေတွက်ခံရသော်လည်း ပွဲပြီးဆုံးချိန်ထိ အလဲထိုးနိုင်ခြင်းမရှိဘဲ အလူးအလဲဖြင့်ပူးတွဲသရေရလာဒ်သာထွက်ပေါ်ခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်က တစ်ဦးလျှင် ယှဉ်ပြိုင်ထိုးသတ်ကြေးငွေကျပ်သိန်း ၂၅၀ စီကိုဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ဆက်လက်၍ (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ ပဥ္စမမြောက်ည ယှဉ်ပြိုင် ဖျော်ဖြေမှုများကို ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်ထက်၌ကျင်းပရာ ပြိုင်ပွဲဝင်ဒုံးအဖွဲ့(၁၉)ဖွဲ့အနက်မှအကောင်းဆုံး (၁၀)ဖွဲ့ကို ဆန်ကာတင်ရွေးချယ်ယှဉ်ပြိုင်စေခြင်းဖြစ်သည့်အတွက် ယှဉ်ပြိုင်မှုများသည်ယခင်ညများထက် ပိုမိုမြူးကြွ မြိုင်ဆိုင်ကာ ဒေသခံတိုင်းရင်းသားပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှပြည်တွင်းခရီးသွားဧည့်သည်များ လာရောက် ကြည့်ရှုအားပေးမှုအထူးများပြားခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆန်ကာတင်ရွေးချယ်ခြင်းခံရသော ဒုံးအဖွဲ့(၁၀)ဖွဲ့၏ ဖားစည်၊ ကျွဲချို၊ အိုးစည်၊ ဘင်၊ နှဲ၊ မောင်း၊ စည်းဝါး၊ လင်ကွင်းတို့ကို တီးမှုတ်၍ ကရင်တိုင်းရင်းသားတို့၏ လူနေမှုဘဝများ၊ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အေးချမ်းသာယာလှပမှုများ၊ ခေတ်ကာလအတွင်းကြုံတွေ့ရသည့်အခြေအနေများကို ရေးစပ်သီကုံးထားသည့် တေးသီချင်းများကို သံပြိုင်သီဆို၍ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယနေ့ညသည် မိုးတိမ်ကင်းစင်၍ ရာသီဥတုသာယာသည်နှင့်အမျှ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် ကျင်းပသော ကရင်ရိုးရာဒုံးအကပြိုင်ပွဲကို လာရောက်ကြည့်ရှုအားပေးကြသူများ၊ အထူးကြားပွဲ၊ ရိုးရာအောင်လံလုပွဲနှင့် စာချုပ်စိန်ခေါ်ပွဲများပါဝင်သော ရိုးရာလက်ဝှေ့ပြိုင်ပွဲကို လာရောက်ကြည့်ရှု အားပေးကြသူများ၊ အကအလှများပါဝင်သောကရင်မြန်မာဇာတ်သဘင်ပွဲ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့်အသိပညာ ပေးဆိုင်ရာများခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ အသေးစား၊အငယ်စားနှင့်အလတ်စား စက်မှုလုပ်မှုလုပ်ငန်း (MSMEs) လုပ်ငန်းရှင်များခင်းကျင်းပြသ သည့်အသိပညာပေးနှင့်ထုတ်ကုန်အရောင်းပြခန်းများတွင် လာရောက်လေ့လာကြည့်ရှုဝယ်ယူကြသူများ၊ အဝတ် အထည်၊ လူသုံးကုန်ကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ ဒေသအစားအစာများနှင့် မုန့်ဈေးတန်းများ၊ ပျော်ပွဲ ရွှင်ပွဲများ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေလည်ပတ်စားသုံးကြသူများ ပြည်တွင်းခရီးသွားဧည့်သည်များ ဖြင့် အထူးစည်ကားလျက်ရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Video