ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 07, 2026
ဘားအံ - မေ (၇)
၂၀၂၆ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို မေလ ၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
အဆိုပါဘော်လီဘောပြိုင်ပွဲသို့ မြို့နယ်(၇)မြို့နယ်မှ အမျိုးသား/အမျိုးသမီးဘော်လီဘောအသင်း(၇)သင်း အားကစားသမားပေါင်း ၁၄၀ ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲမှထူးချွန်အားကစားသမားများကို စိစစ်ရွေးချယ်စခန်း သွင်းလေ့ကျင့်စေ၍ ဇွန်လတွင်တောင်ကြီးမြို့၌ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်စေမည်ဖြစ်ကာ အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့်သံတောင်ကြီးမြို့ နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းက သုံးပွဲ၊ နှစ်ပွဲ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က အမျိုးသား/အမျိုးသ မီးဘော်လီဘောပြိုင်ပွဲတွင် စပေးဘော၊ ဆယ်မ၊ ပင့်ထောင်၊ ရိုက်ခုတ်၊ ပိတ်ဆို့နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကိုလည်းကောင်း၊ တတိယ၊ ဒုတိယ ဆုရရှိကြသော အမျိုးသား၊အမျိုးသမီးအသင်းများအား တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ပထမဆုရ ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ် နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသားဘော်လီဘောပြိုင်ပွဲ ပထမဆုရ ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်နှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဈေးကွက်ဝယ်လိုအားကောင်းသည့် စားသုံးမှို စိုက်ပျိုးထုတ်လုပ်ရေး သင်တန်းကို မေလ ၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
စားသုံးမှိုစိုက်ပျိုးခြင်းသည် အချိန်တိုအတွင်း ဝင်ငွေရရှိနိုင်ပြီး ဒေသအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းသာရှိခဲ့ရာ စီးပွားဖြစ်စိုက်ပျိုးကြမည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ လူမှုစီးပွားဘဝများတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ် ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှိုစိုက်ပျိုးထုတ်လုပ်သူ၊ မှိုလုပ်ငန်းရှင်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေမှ ရင်းနှီးမတည်ငွေများထုတ်ချေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ မှိုစိုက်ပျိုးထုတ်လုပ်သူများကလည်း မှိုစား သုံးမှုဖူလုံရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးကြစေလိုကာ လိုအပ်သည့် နည်းပညာ၊ အရင်းအနှီး အခက်အခဲများရှိပါ ကလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ အချိန်မရွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်ကြပြီး မှိုစိုက်ပျိုးရန်လိုအပ်သည့် ကောက်ရိုး၊ ရိုးပြတ်၊ ဗေဒါ၊ ငှက်ပျော၊ ပဲပင်အမျိုးမျိုး၊ ကြက်ချေး၊ နွားချေး၊ မြင်းချေးအခြောက်မှုန့်နှင့်ဖွဲနု အစရှိသော မိမိတို့ပတ်ဝန်းကျင်တွင်အလွယ်တကူရရှိနိုင်သည့် ကုန်ကြမ်းများကိုအသုံးပြု၍ မှိုအမျိုးမျိုးရှိသည့်အနက်မှ ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ကြွက်နားရွက်မှို စိုက်ပျိုးနည်းများကို အဓိက သင်ကြားပေးသွားမည်ဖြစ်သည်။
ထို့နောက် သင်တန်းပို့ချသည့်သင်တန်းဆရာက သင်တန်းသား၊သင်တန်းသူများအား ဗေဒါ၊ နွားချေးခြောက်၊ ဖွဲနု၊ မှိုမျိုးအိတ်တို့ကို အသုံးပြု၍ စားသုံးမှို စိုက်ပျိုးထုတ်လုပ်ရေး လက်တွေ့ပြုလုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Revenue Appellate Tribunal / Posted on May 07, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
Union Civil Service Board / Posted on May 07, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ လျှောက်လွှာတွင် မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ (နေပြည်တော်စာစစ်ဌာန)