ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျေးလက်ရေပေးဝေရေးနှင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 11, 2026


ဘားအံ - မေ (၁၁)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင် ရာ တာဝန်ရှိသူများနှင့်အတူ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊ မိုက်အောင်ကျေးရွာနှင့် ကော့စိန်ဘန်အထက်ကျေးရွာများရှိ ကျေးလက်ရေပေးဝေရေးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိန္ဒုကျေးရွာအုပ်စု၊ မိုက်အောင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခု ပြည်ထောင်စု၊ပြည်နယ်ရန်ပုံငွေများဖြင့် မိုက်အောင်ကျေးရွာရေရရှိရေး လုပ်ငန်း ၄ ဒဿမ ၅ လက်မစက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ ရေစင်အောက်ခန်းဖွဲ့ခြင်း ၊5 KW ဆိုလာစနစ်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါရေပေးဝေရေးလုပ်ငန်းမှ ကျေးရွာအတွင်းရှိနေအိမ်များသို့ အိမ်တိုင်ရာရောက်ရေပေးဝေနိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့စိန်ဘန်အထက်ကျေးရွာ ပြည်တော်အေးကျောင်းတိုက်ဆရာ တော်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ် ငန်း အသင်းသူ၊အသင်းသားများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေမှ တိုးပွား လာသော ရန်ပုံငွေများကို ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည် အသုံးပြုကြစေလိုကြောင်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးဝင်းနိုင်က မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ကော့စိန်ဘန်အထက်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဥက္ကဋ္ဌ က စီမံကိန်းလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြ၍ အသင်းသား၊အသင်းသူများက စီမံကိန်းဆိုင်ရာများနှင့်ကျေးရွာအတွင်းဆောင်ရွက်လိုသည့် လမ်း၊တံတားနှင့် ဖွံ့ဖြိုးရေးဆိုင်ရာများကိုရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့စိန်ဘန်အထက်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဖြင့်ဆောင်ရွက်သော အသင်းသူ နန်းကေသီလင်း၏ ဖူးစားပြောင်းနှင့်ကြံစိုက်ခင်း၊ အသင်းသူ နန်းအေးသီရိထွန်း၏ ဆိတ် နှင့်နွား တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံ၊ အသင်းသား ဦးစောဇင်မင်းအောင်၏ ပဲတောင့်ရှည်နှင့်သခွားစိုက်ခင်းတို့ကို လိုက်လံ ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ အသင်းသား၊အသင်းသူများဆွေးနွေးတင်ပြသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါ သည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

Ministry of Information / Posted on May 11, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on May 11, 2026

Video