ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နို့စားနွားမွေးမြူရေးခြံနှင့် ငွေနှင်းမှိုစိုက်ပျိုးရေးခြံများအား ကြည့်ရှုအားပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နို့စားနွားမွေးမြူရေးခြံနှင့် ငွေနှင်းမှိုစိုက်ပျိုးရေးခြံများအား ကြည့်ရှုအားပေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / June 02, 2026
ဘားအံ - ဇွန် (၂)
ဒေသတွင်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာနှင့် တောင်ကလေး ကျေးရွာတို့ရှိ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးမြူရေးခြံနှင့် ငွေနှင်းမှိုစိုက်ပျိုးရေးခြံများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှာကမြင်ကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာရှိ တောင်သူဦးဝင်း မြင့်၊ဒေါ်သဲမာတို့၏ နို့စားနွားမွေးမြူရေးခြံတွင် ခြံလှောင်စနစ်ဖြင့် ဖရီရှန်နို့စားနွားမျိုး ၄၁ ကောင် မွေးမြူထားရှိမှုနှင့် နေ့စဉ် နို့ပိဿာချိန် ၅၀ ပိဿာခန့်ထွက်ရှိမှုအခြေအနေများကို ကြည့်ရှုအားပေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီး မှူးဒေါက်တာတင်နွယ်ရီက နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ထားရှိမှု၊ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ် ငန်းများဆောင်ရွက်ပေးနေမှုနှင့် အခြားသောဝန်ဆောင်မှုများဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထွက်ရှိလာသောနွားနို့များကို ဘားအံမြို့ပေါ်ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချမှု၊ နို့မှ တန်ဖိုးမြှင့် ထုတ်ကုန် ဒိန်ချဉ်၊ ပူတင်း ထုတ်လုပ်ရောင်းချနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ နို့စားနွားမွေးမြူရေးနှင့် ထွက်ရှိ လာသောနို့မှတစ်ဆင့်တန်ဖိုးမြှင့်ထုတ်ကုန်များတိုးတက်ထုတ်လုပ်နိုင်ရေး၊ ဘားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုန်ရှိ နို့ပေါင်း စက်ရုံကိုဌာနနှင့်ပူးပေါင်းလည်ပတ်နိုင်ရေး၊ လိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါနို့စားနွားမွေးမြူရေးခြံနှင့်တွဲဖက်၍ ဒေသကြက်နှင့်မန်ဒါလီဘဲ ၁၀၀ ကောင်ကျော်မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ချီးမြှင့်သော အဟာရဆားခဲ နှင့် တိရစ္ဆာန်သုံးဆေးဝါးများကို မွေးမြူရေးတောင်သူထံ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဒဲကောကျေးရွာရှိ တောင်သူဦးဆွေဦး၏ ငွေနှင်းမှို စိုက်ပျိုးရေးခြံနှင့် တောင်ကလေးကျေးရွာရှိ တောင်သူစောကိုကိုဦး၏ ငွေနှင်းမှိုစိုက်ပျိုးရေးခြံ တို့အား သွားရောက်ကြည့်ရှု အားပေးရာ စိုက်ပျိုးရေးဦးစီးဌာနပြည်နယ်ဦးစီးမှူးဦးထွန်းမြင့်က ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့်ကုန်ကြမ်း ပစ္စည်း(၁၀)မျိုး၊ စိုက်ပျိုးထွက်ရှိလာသောမှိုမှ တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် မှိုချဉ်၊ မှိုထောပတ်နှမ်းကပ်ကြော်၊ မှိုဆီကြော်၊ မှိုဝက်သားချဉ်၊ မှိုဘာလချောင်ကြော် ထုတ်လုပ်ရောင်းချနေမှု၊ တစ်ရက်လျှင်မှိုပိဿာချိန် ၃၀ ကျော် စိုက်ပျိုးထွက်ရှိမှု၊ တစ်ပိဿာလျှင်ငွေကျပ် တစ်သောင်းနှုန်းဖြင့် ဖောက်သယ်ပေးဈေးကွက်တင်ပို့မှု၊ မှိုမျိုးထုပ် တစ်ထုပ်လျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် စိုက်ပျိုးလိုသူများအားရောင်းချပေးနေမှု၊ မှိုထုပ်တစ်ထုပ်လျှင်(၃)လကြာထွက်ရှိ ခူးဆွတ်နိုင်မှု၊ မိသားစုအိုးမကွာအိမ်မကွာစီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နိုင်မှုနှင့်မှိုထုပ်ဟောင်းများအားသဘာဝမြေဩဇာအဖြစ် ပြန်လည် အသုံးပြုနိုင်မှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မှိုထုတ်ခန်းအတွင်း မှိုမျိုး ထုပ်ထုတ်ပိုးမှု၊ မှိုမျိုးထုပ်ပေါင်းခံပိုးသတ်မှု၊ မှိုရင့်ကျက်ခန်းအတွင်း မှိုမျိုးထုပ်များသိုလှောင်ထားရှိမှု၊ မှိုစိုက်ပျိုးခန်းအတွင်း ငွေနှင်းမှိုများစိုက်ပျိုးထွက်ရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အာဟာရပြည့်ဝ သည့်မှိုများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ပိုမိုတိုးချဲ့ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြား ခဲ့ပါသည်။





Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Ministry of Digital Development and Communications / Posted on June 01, 2026
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Announcement on the Change of Official Website Address
Ministry of Industry and MSME Development / Posted on June 02, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on June 02, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

