ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / December 04, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် နံနက် ၅ နာရီ ၁၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင်ပန်းခြံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ စက်မှုဇုန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၈)ရပ်ကွက်နေ ဦးအေးကိုကို(၃၈)နှစ်သည် MDY-13/DD-XXXX NISSAN AD VAN မော်တော်ယာဉ်အား မဲဘောင်မှ နောင်ပလိန်ဘက်သို့ မောင်းနှင်လာပြီး အခင်းဖြစ်နေရာအရောက်၌ မော်တော်ယာဉ်အား နောက်ပြန်ကွေ့စဉ် လားရာတူအတိုင်း အနောက်မှ လှာကမြင်ကျေးရွာနေ ကိုဇော်နိုင်ဦး(၂၆)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ကိုဇော်နိုင်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် အေးကိုကို အား စက်မှုဇုန်နယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဥပဒေပညာဌာန စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ အသိအမှတ်ပြုလက်မှတ်သင်တန်း (CBL Batch-II) သင်တန်းသားအမည်စာရင်း ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on December 04, 2025
Myanmar National Human Rights Commission Statement (16/ 2025)
Myanmar National Human Rights Commission / Posted on December 03, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Myanmar National Human Rights Commission / Posted on December 02, 2025
