ကရင်ပြည်နယ်၌ ယာဉ်မတော်တဆမှု၊ ဒဏ်ရာရမှုနှင့်သေဆုံးမှုများ လျော့နည်းကျဆင်း


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 29, 2026


ဘားအံ ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်အတွင်း ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးရေး၊ စစ်ဆေးအရေးယူရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည့်အတွက် ယခင်နှစ်များနှင့်နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ်တွင် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှုများ လျော့နည်းကျဆင်းခဲ့ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ၁/၂၀၂၆ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဖောက်ဖျက်သူများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်းသာမက ယာဉ်မတော်တဆမှုများမဖြစ်စေရေး ကြိုတင်ကာကွယ်သည့်နည်းလမ်းများကို ပိုမိုအလေးထားရမည်ဖြစ်ပြီး ပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေး၊ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ရေးအတွက် ထိရောက်ကောင်းမွန်သည့် ဆုံးဖြတ် ချက်များနှင့်လုပ်ငန်းစဉ်များကို ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ခရိုင်/မြို့နယ်အလိုက် အကြံပြုဆွေး နွေးတင်ပြ၍ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးအောင်ဇေဝင်း က ပြည်နယ်အတွင်းယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကြပ်မတ်ထိန်းသိမ်းမှု၊ လအလိုက် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှု နှိုင်းယှဉ်ချက်၊ Quick Win အစီအမံ(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး တွဲဘက် အတွင်းရေးမှူးက ကရင်ပြည်နယ်အတွင်း ၃ နှစ်တာကာလ ယာဉ်မတော်တဆမှု၊ ဒဏ်ရာရသေဆုံးမှုအခြေအနေများနှင့် လျော့နည်းကျဆင်းလာသည့်အခြေအနေ၊ မြို့ပြအင်္ဂါရပ်နှင့်မညီသောယာဉ်အိုယာဉ်ဟောင်းများ၊ ဘေးတွဲဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှု၊ ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့်ကျန်းမာရေး ဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့က သက်ဆိုင်ရာကဏ္ဍများအလိုက်တင်ပြဆွေးနွေးကြပြီး ခရိုင်အဆင့် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးကြ ရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Ministry of Information / Posted on January 30, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ

Ministry of Information / Posted on January 30, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ

Ministry of Information / Posted on January 30, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း၏ ဆန္ဒမဲရရှိမှုအခြေအနေ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023