ကရင်ပြည်နယ်၌ (၅)လအတွင်း မှုးယစ်ဆေးဝါးအမှုပေါင်း ၇၈ မှု၊ ကာလတန်ဖိုးငွေကျပ် ၃ ဒဿမ ၉ ဘီလီယံ၊ တရားခံပေါင်း ၁၁၇ ဦးကို ဖမ်းဆီးအရေးယူ


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 26, 2025


ဘားအံ ဇွန် ၂၆

ကရင်ပြည်နယ်အတွင်း နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာသော မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာနယ်မြေ အလိုက် စီမံချက်များရေးဆွဲ၍ နေ့စဉ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ မူးယစ်ဆေးဝါးအမှုပေါင်း ၇၈ မှု၊ ကာလတန်ဖိုးငွေကျပ် ၃ ဒဿမ ၉ ဘီလီယံ၊ တရားခံပေါင်း ၁၁၇ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဇွန်လ ၂၆ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်း အနားမှ သိရသည်။

ကရင်ပြည်နယ်တွင်း ဘိန်းစိုက်ပျိုးမှုပြဿနာနှင့်မူးယစ်ဆေးဝါးထုတ်လုပ်မှုမရှိသလောက်နည်းပါးသော်လည်း တရားမဝင်နယ်စပ်ဖြတ်ကျော်၍ ထိန်းချုပ်ဓာတုဗေဒပစ္စည်းများသယ်ဆောင်ရောင်းဝယ်မှု၊ ရွှေ့ပြောင်းအလုပ်သမား ပြဿနာနှင့် နည်းလမ်းမျိုးစုံဖြင့်ရောက်ရှိလာသော ဒေသတွင်းမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ တားဆီးနှိမ်နှင်းရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မူးယစ်ဆေးဝါးကင်းစင်သည့် Drug Free State ဖြစ်ပေါ်လာစေရေးအတွက် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေ ရှင်းရာ၌ ကျန်းမာရေးနှင့်တရားရေးပိုင်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကိုခြိမ်းခြောက်နေသည့်ပြဿနာတစ်ရပ်ဖြစ်သည်နှင့်အညီ ပြည်နယ်အတွင်းမူးယစ်ဆေး ဝါးအန္တရာယ်တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အဆိုပါအခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ် ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က ဖတ်ကြားပြီး မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြကာ ပြည်နယ်ဝန်ကြီးချုပ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုလက်မှတ်နှင့်ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ခင်ကျင်းပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး ပြခန်းနှင့်မှတ်တမ်းဓာတ်ပုံများ၊ မှုခင်းပြခန်းယာဉ်၌ ကျောင်းသား၊ကျောင်းသူများ လေ့လာကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on June 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့်...

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on June 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023