ကောင်းခြင်းမင်္ဂလာအဖြာဖြာပြည့်စုံ တိုင်းပြည်အေးချမ်းသာယာဝပြော


Ministry of Information/ Naypyitaw / May 09, 2026
image_latest


မြန်မာနိုင်ငံသည် ရေခံ၊ မြေခံကောင်းမွန်ပြီး သဘာဝသယံဇာတအရင်းအမြစ်များ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ ဘုရား၊ ကျောင်း၊ ကန်၊ စေတီ၊ တန်ဆောင်းများနှင့် ကောင်းခြင်းမင်္ဂလာအဖြာဖြာ ထုံမွမ်းနေသောနိုင်ငံဖြစ်သည်။ ဘာသာတရားအဆုံးအမများ၊ လောကီမင်္ဂလာ ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ကျင့်ကြံနေထိုင်သော နိုင်ငံဖြစ်သည်။ မင်းနှင့်ပြည်သူ လက်တွဲကြည်ဖြူပြီး ကောင်းမှုကုသိုလ်များ စဉ်ဆက်မပြတ်ပြုလုပ်နေသော နိုင်ငံဖြစ်သည်။ ထိုသို့ကောင်းမြတ်သည့်အချိန်ကာလတွင် အဖိုးတန်သယံဇာတ ကျောက်မျက်ရတနာများပေါ်ထွန်းခြင်းသည် အေးချမ်းသာယာဝပြောမည့် အတိတ်နိမိတ်လက္ခဏာကိုဆောင်သည်။

ရှေးမြန်မာမင်းများလက်ထက်ကတည်းက ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား တွင်းထွက်ရတနာများ ပိုင်ဆိုင်ခဲ့သည်။ ခေတ်အဆက်ဆက် ပေါ်ထွက်ခဲ့သည့် တွင်းထွက်ရတနာများ၏ အဖိုးမဖြတ်နိုင်သော တန်ဖိုးများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့ဂုဏ်မြင့်မားတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိသည်။ နေ၊ လ၊ နက္ခတ်တာရာနှင့် သစ်ပင်တောတောင်တို့သည် အချင်းချင်းအားပြိုင် ရပ်တည်အကျိုးပေးနိုင်သကဲ့သို့ ကမ္မနိယာမခေါ် ကံတရားတို့၏ အားပြိုင်အကျိုးပေးပုံကိုလည်း တွေ့ရမည်ဖြစ်သည်။ ကောင်းသောအမှုပြုလုပ်သူများအဖို့ ကောင်းကျိုးရလဒ်များ ပေါ်ထွက်ခံစားကြရသည်မှာလည်း ဓမ္မတာဖြစ်သည်။ အဖိုးတန်ကျောက်မျက်ရတနာများ ပေါ်ထွန်းရရှိပိုင်ဆိုင်ခြင်းသည်လည်း ကံကံ၏အကျိုးကြောင့်ပင်ဖြစ်သည်။

ယခင်ကာလ ၁၉၉၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရှားပါးပြီးတန်ဖိုးကြီးမားသည့် အလေးချိန် ၉၉ ဒသမ ၂၅ ဂရမ်(၄၉၆ ဒသမ ၂၅ ကရက်) ရှိ ပတ္တမြားကြီး ရရှိပိုင်ဆိုင်ခဲ့ဖူးသည်။ အဆိုပါပတ္တမြားကြီးကို နဝတပတ္တမြားဟုခေါ်တွင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် အလေးချိန် ၄၂၉၀ ဂရမ်(၂၁၄၅၀ ကရက်)ရှိ ပတ္တမြားကြီး ရရှိပိုင်ဆိုင်ခဲ့ဖူးသည်။ ၂၀၂၂ ခုနှစ်တွင် အလေးချိန် ၅၅၇ ဒသမ ၈၅ ဂရမ်(၂၇၈၉ ဒသမ ၂၅ ကရက်) ရှိ နစက ပတ္တမြားကြီးကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခု အလေးချိန် ၂၂၀၀ ဂရမ်(၁၁၀၀၀ ကရက်) ရှိ ပတ္တမြားကြီး ရှာဖွေတွေ့ရှိခဲ့သည်။ တိုင်းပြည်အေးချမ်းသာယာဝပြောလာမှုနှင့်အတူ အဖိုးတန်တွင်းထွက်ရတနာများ ပေါ်ထွက်လာသည်မှာ တိုင်းပြည်အတွက် ကောင်းမွန်သော အတိတ်နိမိတ်လက္ခဏာဖြစ်သည်။

ယခုတွေ့ရှိသည့် ပတ္တမြားကြီးအပါအဝင် ပတ္တမြားလေးပွင့်စလုံးသည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်ဒေသမှထွက်ရှိပြီး သက်ဆိုင်ရာပတ္တမြားတစ်ပွင့်ချင်းစီအလိုက် ဂုဏ်သတ္တိ ထူးခြားချက်များရှိသောကြောင့် အလွန်တန်ဖိုးရှိသည့် ပတ္တမြားများဖြစ်ကြသည်။ ၁၉၉၆ ခုနှစ်က တွေ့ရှိခဲ့သော ပတ္တမြားကြီးသည် အလေးချိန်အားဖြင့် အများဆုံးဖြစ်သော်လည်း အရောင်အသွေးနှင့်နှိုင်းယှဉ်ပါက ယခုနောက်ဆုံးတွေ့ရှိခဲ့သည့် ပတ္တမြားကြီးသည် အရောင်နှင့်အရည်အသွေး ပိုမိုကောင်းမွန်သောကြောင့် တန်ဖိုးပိုမိုမြင့်မားကြောင်း သိရှိရသည်။ ပတ္တမြားရတနာဆိုသည်မှာ ကျက်သရေမင်္ဂလာအဖြာဖြာပြည့်စုံစေပြီး အဖိုးထိုက်တန်သော ရတနာတစ်ပါးဖြစ်သည်။ ပတ္တမြားသည် စိန်ပြီးလျှင် ဒုတိယအမာဆုံးတွင်းထွက်ပစ္စည်းဖြစ်ပြီး မြန်မာနိုင်ငံ မိုးကုတ်ဒေသထွက် ခိုသွေးရောင်ပတ္တမြားသည် ကမ္ဘာကျော်တန်ဖိုးကြီးမားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကျင်းပပြီး ပြည်သူများ၏ဆန္ဒနှင့်အညီ ဆန္ဒမဲပေးရွေးချယ်ခဲ့သည့် ဒီမိုကရေစီအစိုးရအဖွဲ့ နိုင်ငံ့တာဝန်ရယူပြီးနောက် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ထူးခြားလေးနက်သည့် မြန်မာနှစ်သစ်ကူးကာလ လွန်မြောက်သည့် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံမည့် ၂၀၂၆ ခုနှစ် နှစ်သစ်ကာလတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်ရတနာမြေမှ ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် ပတ္တမြားတစ်ပွင့်ရှာဖွေတွေ့ရှိခဲ့ရာ အဆိုပါပတ္တမြားကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမဆောင်၌ ကြည့်ရှုစစ်ဆေးခဲ့သည်။

ယခုရှာဖွေတွေ့ရှိခဲ့သော ပတ္တမြားကြီးသည် အလေးချိန် ၂၂၀၀ ဂရမ်(၁၁၀၀၀ ကရက်) ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန်ခက်ခဲပြီး အလွန်ရှားပါးကြောင်း သိရသည်။ ပတ္တမြားကြီးအနေဖြင့် ခရမ်းရောင်သန်းသော အနီရောင်တွင် အဝါရိပ်ဖောက်ထားသော အရောင်အဆင်းရှိပြီး အရောင်အဆင့်အတန်းအားဖြင့် အလွန်ကောင်းမွန်သည်။ အလင်းပေါက်အားသင့်တင့်ပြီး ဖန်ရောင်လင်းလက်ကောင်းမွန်ကာ ပြုပြင်ထားခြင်းမရှိသော ပကတိသဘာဝအတိုင်းရှိသည့် အဖိုးတန်တွင်းထွက်ရတနာ ပတ္တမြားကြီးဖြစ်သည်။ အဆိုပါပတ္တမြားကြီးကို ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် တစ်မူထူးကဲစွာရရှိလာခြင်းဖြစ်သဖြင့် တိုင်းပြည်အေးချမ်းသာယာဝပြောပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံမည့် နိမိတ်လက္ခဏာကောင်းဖြစ်ပါကြောင်း။ ။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Revenue Appellate Tribunal / Posted on May 07, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)

Union Civil Service Board / Posted on May 07, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)

Video