ကော့သောင်းမြို့နယ် ဘာလိအော်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
ကော့သောင်းမြို့နယ် ဘာလိအော်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / May 12, 2026
ကော့သောင်းမြို့နယ် ဘာလိအော်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
************************************************************************
ကော့သောင်း မေ ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ဘာလိအော်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် တာဝန်ရှိသူ များက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြယမုံဖူး နှင့် ဝန်ထမ်းများက ကျေးရွာတွင်းလမ်းဖြစ်မြောက်ရေးကော်မတီဝင်များ နှင့်အတူ ဘာလိအော်ကျေးရွာ၌ ရွာတွင်းလမ်း အရှည် ပေ ၁၃၂၀ လမ်းအကျယ် ၁၀ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လက်ရှိလမ်းအခြေအနေကို ကွင်းဆင်း တိုင်းတာပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက် ကာလအတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၁၃၅ သန်းဖြင့် ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကွန်ကရစ်လမ်းရာနှုန်းပြည့်ပြီးစီးပါက ဘာလိအော်ကျေးရွာအတွင်း အိမ်ခြေ ၂၇၁ အိမ်ရှိ လူ ၉၉၆ ဦး၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများဆောင်ရွက်ရာ၌ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
Ministry of Information / Posted on May 11, 2026
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on May 11, 2026
ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
Ministry of Finance and Revenue / Posted on May 08, 2026
