ကံမမြို့နယ် တောင်စကိုင်း‌ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့်အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

Ministry of Cooperatives and Rural Development/ Naypyitaw / May 19, 2026
image_latest

ကံမမြို့နယ် တောင်စကိုင်း‌ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့်အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

*********************************************
ကံမ မေ ၁၉
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း(ဆပ်ပြာ၊ ခေါင်းလျှော်ရည်)ဖွင့်ပွဲအခမ်းအနားကို မေ ၁၈ရက် နံနက် ၉ နာရီက တောင်စကိုင်း‌ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
         ရှေးဦးစွာ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်‌ရွှေ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ‌ ခေတ္တဥက္ကဌ ရဲမှူးခင်ဝင်းဇော်တို့က အမှာစကားပြောကြားသည်။
         ဆက်လက်၍ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော် ကျော်မျိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချမည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး သင်တန်းပြီးမြောက်ပါက တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိနိုင်သည်အထိ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
       ထို့နောက် သင်တန်းနည်းပြဆရာမက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်သန်းနှင့် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
       အဆိုပါသင်တန်းသို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ကံမမြို့နယ်အတွင်း ကျေးရွာခြောက်ရွာမှ သင်တန်းသူ ၂၀ ဦးတက်‌ရောက်ကြပြီး သင်တန်းကို မေ ၁၈ရက်မှ ၂၂ရက်နေ့ အထိ ၅ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြာင်း သိရသည်။
 
နော်လူး

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။

Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

Ministry of Ethnic Affairs / Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

Ministry of Ethnic Affairs / Posted on February 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Naypyitaw Development Committee / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Video