ကျောက်ဆည်ခရိုင်တွင် ငွေကျပ် ၃ ဒသမ ဝဝ၃ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၂ဝ ဒသမ ၁၂ ကီလို ဖမ်းဆီးရမိ
ကျောက်ဆည်ခရိုင်တွင် ငွေကျပ် ၃ ဒသမ ဝဝ၃ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၂ဝ ဒသမ ၁၂ ကီလို ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / September 03, 2025

နေပြည်တော် စက်တင်ဘာ ၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီခွဲအချိန်သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အမှတ် (၃) ခရိုင် ချင်းဆက်လမ်း၌ ဉာဏ်လင်းမောင်းနှင်ပြီး လှခိုင်လိုက်ပါလာသော TOYOTA LITEACE မော်တော်ယာဉ်၊ စံဝင်းလင်းမောင်းနှင်သည့် IZONE မော်တော်ယာဉ်နှင့် ထက်အောင်ဇော်မောင်းနှင်သည့် ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူအလေးချိန် ၁၂၀ ဒသမ ၁၂ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၀၀၃ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း၊
ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် ဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘုန်းမြင့်မြတ်အား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ဘိန်းဖြူများအား တာဝန်ခံသယ်ဆောင်ခဲ့သူ စိုးဝေလွင် (ဖမ်းဆီးရန်ကျန်) နှင့် တင်မျိုးအောင် (ဖမ်းဆီးရန်ကျန်) တို့ ရှေ့ပြေးအဖြစ် ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် NISSAN AD VAN မော်တော်ယာဉ်အား မြစ်သားမြို့နယ်၊ အမှတ် (၃) ခရိုင် ချင်းဆက်လမ်းတွင်လည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန် ဘိန်းဖြူများအား မူဆယ်မှ ရွာငံမြို့နယ်သို့ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် စိုးဝေလွင် ပိုင်ဆိုင်သော HINO PROFIA ၁၂ ဘီး မော်တော်ယာဉ်အား ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်မှ ရွာငံမြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်သို့ မော်တော်ယာဉ်များပြောင်းလဲ၍ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Naypyitaw Development Committee / Posted on September 04, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on September 05, 2025
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊...
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)
Ministry of Information / Posted on September 05, 2025
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)