ကျောက်မဲမြို့နယ် လွယ်ကောင်းမူးတောင်၌ တည်ဆောက်ဆဲ အဘယသိဒ္ဓိလာဘမုနိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ထည့်သွင်းပူဇော်မည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များနှင့် ဌာပနာပစ္စည်းများ ဆက်ကပ်လှူဒါန်း
ကျောက်မဲမြို့နယ် လွယ်ကောင်းမူးတောင်၌ တည်ဆောက်ဆဲ အဘယသိဒ္ဓိလာဘမုနိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ထည့်သွင်းပူဇော်မည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များနှင့် ဌာပနာပစ္စည်းများ ဆက်ကပ်လှူဒါန်း
Ministry of Religious Affairs & Culture/ Naypyitaw / November 17, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု၊ ခိုအုံကျေးရွာ၊ ခိုအုံကျောင်းတိုက် အနီး လွယ်ကောင်းမူးတောင်တွင် တည်ဆောက်ဆဲဖြစ်သော အဘယသိဒ္ဓိလာဘမုနိ ရပ်တော်မူဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတွင် ထည့်သွင်းပူဇော်မည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များနှင့် ဌာပနာပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို ၁၆-၁၁-၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
(1).jpg)
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ကျောက်မဲ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
(1).jpg)
ဦးစွာ ကျောက်မဲမြို့၊ ကမ္ဘောဇသျှမ်းကျောင်းကြီးဆရာတော် ဒေါက်တာဘဒ္ဒန္တပညောဘာသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော် မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
.jpg)
ထို့နောက် ဒုတိယဝန်ကြီးက တည်ဆောက်ဆဲ ဉာဏ်တော်ပေ ၉၀ ရှိ အဘယသိဒ္ဓိလာဘမုနိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ထည့်သွင်းပူဇော်မည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော် မွေတော်နှင့် ဌာပနာပစ္စည်းများကို ခိုအုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏသိရီထံ ဆက်ကပ် လှူဒါန်းပြီး သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းသည်။
(1).jpg)
ယင်းနောက် ကျောက်မဲမြို့၊ ကမ္ဘောဇသျှမ်းကျောင်းကြီးဆရာတော်ထံမှ ရေစက်ချ အနုမောဒနာ တရားနာယူပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း ဖော်ပြအပ်ပါသည်။
.jpg)
.jpg)
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on November 12, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on October 31, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on November 17, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
