ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်
ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်
Ministry of Cooperatives and Rural Development/ Naypyitaw / March 05, 2026
ပဲခူး မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးထွန်းဝေ(ပဲခူးတိုင်းတာဝန်ခံ)၊ ပြည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝဏ္ဏ၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများသည် သဲကုန်း မြို့နယ် တောင်ကြို့ကုန်း- သီရိမင်္ဂလာလမ်း အနိမ့်အမြင့်မြေညှိ၍ အရှည် ၆ ဖာလုံ၊ အကျယ် ၁၄ ပေ၊ ထု ၆လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တာဝန်ရှိသူများသည် ချားလျားကုန် - ပြကြီး- ချောင်းကမ်းကြီးကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် ၃ ဖာလုံ၊ အကျယ် ၂၀ ပေ၊ ထု ၈ လက်မရှိ မြေသားတာဘောင်ချဲ့တင်၍ မြေန်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာချုပ်က တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အဆိုပါလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်မည်ဆိုပါက လိုက်နာဆောင်ရွက်ရန် အချက်များကို မှာကြားသည်။
အဆိုပါလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦစီးဌာန အင်ဂျင်နီယာ ဝန်ထမ်းများ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက် ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ချိုသန်းညွန့်(ကျေးလက်)
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
Announcement
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့်အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း
Ministry of Finance and Revenue / Posted on March 05, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
Ministry of Information / Posted on March 04, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on March 03, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
