ဂမ်ဘီယာနှင့် မြန်မာတို့အကြား တရားရင်ဆိုင်နေခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ကြားနာပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
ဂမ်ဘီယာနှင့် မြန်မာတို့အကြား တရားရင်ဆိုင်နေခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ကြားနာပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
Ministry of Information/ Naypyitaw / January 14, 2026
ဂမ်ဘီယာနှင့် မြန်မာတို့အကြား တရားရင်ဆိုင်နေခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် တရားရုံး၏ အခန်းကဏ္ဍကို အလေးထားယုံကြည်ကြောင်းပြသသည့်အနေဖြင့် မြန်မာနိုင်ငံသည် ကြားနာပွဲသို့ တက်ရောက်လျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာအသိုက်အဝန်း၏ တာဝန်ရှိအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၁၉၄၈ ခုနှစ်၊ လူမျိုးသုဉ်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အမှုစတင်သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကတည်းက တရားရုံးနှင့်အပြုသဘော ပူးပေါင်းဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် တရားစီရင်မှုအဆင့်အားလုံးတွင် ပါဝင်ရင်ဆိုင်ခဲ့သည့်အပြင် တရားရုံးကချမှတ်သည့် အမိန့်များ၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို လိုက်နာဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်များကို အပြည့်အဝလေးစားလိုက်နာခဲ့ပြီး တရားရုံးကသတ်မှတ်ထားသည့် ကာလအလိုက် အစီရင်ခံစာများကို တင်သွင်းခဲ့သည်။
ကြီးလေးသော အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသဖြင့် အဆိုပါတရားစီရင်မှုသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည်။ သို့ဖြစ်ရာ မြန်မာအစိုးရအနေဖြင့် နိုင်ငံနှင့်ပြည်သူတို့၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ရေးအတွက် အခြေအမြစ်မရှိသော အချက်အလက်များကို အခြေခံသည့် တစ်ဖက်သတ်အစီရင်ခံစာများသည် အမှန်တရားကို ဖော်ဆောင်နိုင်ခြင်းမရှိကြောင်းတို့ကို တရားရုံးအားပြသရန် တာဝန်ရှိသည်။ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆင်ခြင်သုံးသပ်နိုင်မှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့အပေါ် ယုံကြည်မှုအပြည့်အဝရှိသည်။
တရားရုံးအနေဖြင့် သက်သေအထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျစွာ သုံးသပ်လျက် လူမျိုးသုဉ်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ပါ ဥပဒေမူဘောင်များနှင့် အချက်အလက်မှန်များကို အခြေခံ၍ တရားမျှတပြီး မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဟု ယုံကြည်သည်။ ဂမ်ဘီယာ၏ ပထမအကျော့ လျှောက်လဲချက်များအပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် မှစ၍ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာ၏ စွပ်စွဲချက်များသည် အချက်အလက်အရနှင့် ဥပဒေကြောင်းအရ မှန်ကန်မှုရှိသော အချက်အလက်များမဟုတ်ကြောင်းကို ခိုင်မာသည့်သက်သေအထောက်အထား အစုံအလင်ဖြင့် တရားရုံးသို့ လျှောက်လဲသွားမည်ဖြစ်ပါသည်။
တရားရင်ဆိုင်နေစဉ်အတွင်း မြန်မာနိုင်ငံသည်အမှုကို တရားရုံး ပြင်ပ၊ အထူးသဖြင့် နိုင်ငံတကာ မီဒီယာရှေ့တွင် ငြင်းခုံနေမည်မဟုတ်ပါ။ တရားစီရင်မှုအပေါ် မျှော်လင့်ချက်ကြီးမားစွာထားရှိပြီး တစ်ချိန်တည်းမှာပင် တရားစီရင်မှု၏ ဂုဏ်သမာဓိထိခိုက်နိုင်မှုမရှိစေရန်အတွက် ပြင်ပမှ ဖိအားပေးမှုနှင့် ဝင်ရောက်စွက်ဖက်မှုများကို ကာကွယ်သွားရန် အရေးကြီးသည်။
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုနှင့် နေရပ်စွန့်ခွာသူများအရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ အခြား နိုင်ငံတကာမိတ်ဆွေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မည်သို့ပင်အခက်အခဲများ ကြုံတွေ့စေကာမူ မြန်မာနိုင်ငံအနေဖြင့် ယင်းကိစ္စအောင်မြင်မှုရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏နယ်နိမိတ်အတွင်း အမှန်တကယ်နေထိုင်ခဲ့ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနေရာချထားရေး လုပ်ငန်းစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ချုပ်ဆိုထားသည့် နှစ်နိုင်ငံသဘောတူစာချုပ်ပါ ကတိကဝတ်များအတိုင်း အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင် အခြေအနေပေးပါက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်လည်လာရောက်နိုင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့နှင့် သုံးပွင့်ဆိုင်သဘောတူညီမှုများနှင့်အညီ ပူးပေါင်းဆောင်ရွက်မှုများပြုနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများပြုခဲ့ပါသည်။
ဂမ်ဘီယာနှင့် မြန်မာအကြား တရားရင်ဆိုင်နေမှုသည် သက်ဆိုင်ရာနှစ်နိုင်ငံအကြား အပြည်ပြည်ဆိုင်ရာစာချုပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး နိုင်ငံရေးအရစွပ်စွဲပြစ်တင်သည့် ကိစ္စရပ်မဟုတ်ကြောင်း အလေးအနက် ထောက်ပြလိုသည်။ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များကို တရားရုံး၏ ရှေ့မှောက်တွင် ဥပဒေကြောင်းအရ ကျိုးကြောင်းချက်လက် ခိုင်လုံစွာဖြင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနယ်ပယ်၌ တရားဥပဒေစိုးမိုးမှုရှိရေးအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးအပေါ် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အလေးအနက်ထားဆောင်ရွက်လျက်ရှိကြောင်းကို ပြသသွားမည်ဖြစ်သည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Announcement
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ
Ministry of Information / Posted on January 14, 2026
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ
Certificate in Agribusiness Management-CABM(Batch I) သင်တန်းဝင်ခွင့်ရရှိသူများစာရင်းကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on January 13, 2026
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
Ministry of Information / Posted on January 13, 2026
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
