ဂမ်ဘီယာမှ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်မှုမရှိစေရေးနှင့် ကျူးလွန်သူများအား အပြစ်ပေးရန်နှင့် ဥပဒေပြဋ္ဌာန်းရန်ပျက်ကွက်သည်ဟု စွပ်စွဲချက်အပေါ် မြန်မာနိုင်ငံ၏ရှေ့နေ Ms. Alina Miron ၏လျှောက်လဲချက်


Ministry of Information/ Naypyitaw / January 21, 2026
image_latest


ဂမ်ဘီယာက မြန်မာနိုင်ငံအနေဖြင့် Genocide Convention Article I တွင် ဖော်ပြထားသော လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်မှုမရှိစေရေးနှင့် ကျူးလွန်သူများအား အပြစ်ပေးရန်နှင့် Genocide Convention Article V နှင့်အညီ ဥပဒေပြဋ္ဌာန်းရန် ပျက်ကွက်သည်ဟု စွပ်စွဲထားပါကြောင်း၊ ၂၃-၁-၂၀၂၀ ရက်နေ့တွင် ICJ တရားရုံးကချမှတ်သော ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်ကို ချိုးဖောက်ခြင်းအတွက်လည်း တာဝန်ရှိသည်ဟု စွပ်စွဲထားပါကြောင်း၊ လူမျိုးသုဉ်း သတ်ဖြတ်ခြင်းကို ကျူးလွန်ခြင်းအတွက် တာဝန်ရှိမှုနှင့် Genocide Convention တွင်ဖော်ပြထားသော ပြစ်မှုမြောက်စေသည့် အခြားဆက်စပ်မှုများကို ရှင်းပြလိုကြောင်း။

လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်ရန် ပူးပေါင်းကြံစည်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့သည် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်ရန် လိုအပ်သည့်အချက်များ ဖြစ်ကြောင်း၊ ယခုအမှုတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်ခြင်းမရှိသဖြင့် ဂမ်ဘီယာ၏ စွပ်စွဲချက်သည် မှန်ကန်မှုမရှိပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်သည်ဟုသာ ယေဘုယျအားဖြင့်ဖော်ပြသွားကြောင်း၊ Genocide Convention အရ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်စေသော သီးခြားအချက်များအပေါ် သက်သေမပြနိုင်ကြောင်း၊ အကယ်၍ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ကြောင်း စွပ်စွဲပါက အဆိုပါ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေသည့် ပူးပေါင်းကြံစည်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့တည်ရှိကြောင်း သက်သေပြရမည့်တာဝန်သည် စွပ်စွဲသောသူအပေါ် ကျရောက်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် သက်သေတင်ပြရန် တာဝန်မရှိကြောင်း၊ စွပ်စွဲသူဂမ်ဘီယာအပေါ်တွင်သာ ကျရောက်ပါကြောင်း၊ အဆိုပါ အယူအဆအပေါ် ဂမ်ဘီယာကလည်း အငြင်းပွားမှုမရှိပါကြောင်း၊ လက်တွေ့တွင် ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေသော အချက်များ သီးခြားတည်ရှိကြောင်း (dolus specialis)ကို မတင်ပြနိုင်ပါကြောင်း၊ ၎င်းတင်ပြသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေသည့် သီးခြားတည်ရှိခြင်း (dolus specialis)မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်းကိုသာ ပြောနိုင်ကြောင်း၊ မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သည်ဟု ဆိုသော ဂမ်ဘီယာ၏ စွပ်စွဲချက်မှာ ဥပဒေကြောင်းအရ မှားယွင်းပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် မြန်မာကဘင်္ဂါလီများအပေါ် ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် ခွဲခြားဆက်ဆံပြီး အမုန်းတရားပွားများအောင် တပ်မတော်ကဆောင်ရွက်သည်ဟု FFM တွင် ဖော်ပြချက်များဖြင့် စွပ်စွဲထားသော်လည်း ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှု ကိုဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်မှုများသီးခြားတည်ရှိကြောင်း (dolus specialis)ကို သက်သေမပြနိုင်ပါကြောင်း၊ ၎င်းအနေဖြင့် ပြောဆိုနိုင်သည်က ဘင်္ဂါလီများအပေါ် အမုန်းတရားပွားများစေရန် သံဃာတော်အချို့က ပြုလုပ်ပြီး အဆိုပါပြုလုပ်သူများကို တားဆီးအပြစ်ပေးရန် ပျက်ကွက်သည်ဟုသာ ပြောနိုင်ပါကြောင်း။

အမုန်းစကားကို တားဆီးရန်ပျက်ကွက်မှုသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ရန် လှုံ့ဆော်မှုမဟုတ်ပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေရန်အတွက် အားထုတ်မှုရှိရမည်ဟုဆိုသော အချက်ကိုလည်း ဂမ်ဘီယာအနေဖြင့် သက်သေမပြနိုင်ပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေရန် အားထုတ်မှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိရမည် ဆိုသောအချက်ကိုလည်း ဂမ်ဘီယာအနေဖြင့် သက်သေပြသနိုင်ခြင်းမရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန်ပျက်ကွက်သည်ဟု ဂမ်ဘီယာ၏အဆိုလွှာနှင့် ယခုလျှောက်လဲချက်များတွင် ဥပမာများဖြင့် စွပ်စွဲဖော်ပြခဲ့သော်လည်း အဆိုပါအချက်များအပေါ် ထပ်မံစိစစ်ခြင်းပြုလုပ်မှုမရှိဘဲစွပ်စွဲ၍သာ ပြောဆိုနိုင်သဖြင့် အဆိုပါအချက်များသည် ဥပဒေကြောင်းအရ သို့မဟုတ် အကြောင်းခြင်းဆိုင်ရာအရ အထောက်အကူမဖြစ်ပါကြောင်း။

ထို့ပြင် ဂမ်ဘီယာက မြန်မာနိုင်ငံအနေဖြင့် Genocide Convention Article V ပါ လိုအပ်သောဥပဒေ ပြဋ္ဌာန်းရန်ပျက်ကွက်သည်ဟု စွပ်စွဲထားပါကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် Genocide Convention Article V ပါ အချက်အား မိမိတို့၏ ပြစ်မှုဆိုင်ရာဥပဒေတွင် ဖော်ပြထားသော လူသတ်မှု၊ လက်ရောက်မှုနှင့် မုဒိမ်းမှုများကို အပြစ်ပေးနိုင်သော ပြစ်မှုဆိုင်ရာဥပဒေတည်ရှိခြင်းအားဖြင့်လည်း Convention ၏တာဝန်ကို ဖြည့်ဆည်းရာရောက်ကြောင်း၊ ဂမ်ဘီယာအပါအဝင် ၅၇ နိုင်ငံက Convention Article V ပါ တာဝန်ကို ၎င်းတို့၏ ပြစ်မှုဆိုင်ရာဥပဒေဖြင့် ဖြည့်ဆည်းထားပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရာဇသတ်ကြီးဥပဒေနှင့်ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို ပြဋ္ဌာန်းထားပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အဆိုပါ ရာဇသတ်ကြီးနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအား Genocide Convention ပါ လူမျိုးသုဉ်းသတ်ဖြတ်မှုကို သီးခြားဖော်ပြခြင်းဖြင့် ပြင်ဆင်ခဲ့ပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်ပါ ပထမ၊ ဒုတိယနှင့်တတိယအချက်များကို မြန်မာက ချိုးဖောက်မှုရှိသည်ဟု UN အစီရင်ခံစာများနှင့် လူမှုကွန်ယက်စာမျက်နှာများမှ သတင်းများကိုကိုးကား၍သာ ဖော်ပြနိုင်ပြီး အချက်အလက်တိတိကျကျ ထောက်ပြနိုင်ခြင်း မရှိပါကြောင်း ပြောကြားခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video