ငဖဲ မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်း ဖွင့်ပွဲ ကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / May 14, 2026
image_latest


ငဖဲ မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်း ဖွင့်ပွဲ ကျင်းပ

ငဖဲ မေ  ၁၃

            သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊  မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်၊ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန် နှင့် ကျွမ်းကျင်လုပ်သားများပေါ်ပေါက်စေရန် ရည်ရွယ်၍  ၂၀၂၆ -၂၀၂၇ ခု ဘဏ္ဍာ နှစ် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေး ဝမ်းကျောင်းအထောက် အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၁၂ ရက်နေ့ နံနက်ပိုင်း က  ပန်းထိမ်း ကျေးရွာ ဘက်စုံသုံးခန်းမဆောင်၌ ကျင်းပသည်။

     ရှေ့ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်း က အဖွင့်အမှာစကား ပြောကြားပြီး မင်ဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် က သင်တန်းဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
  ထို့နောက် ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ  ဦးကျော်စိုးက ကျေးလက်နေ တောင်သူများ အနေဖြင့် မိမိတို့၏ စိုက်ပျိုးရေး လုပ်ငန်းများတွင် သဘာဝမြေဩဇာများကို သုံးစွဲသည့် အလေ့အထ ဖြစ်ပေါ်စေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာပြီး လူမှု စီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေရေးအတွက် သင်တန်းမှ ပို့ချသောသင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာကြရန်  နှင့် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။


        အဆိုပါ သင်တန်းတွင်  သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးအား နည်းပြဆရာက သဘာဝမြေဩဇာနှင့် EM ဖျော်ရည် ပြုလုပ်နည်း သင်ခန်းစာများကို   မေ ၁၂ ရက်ကနေ  မေလ ၁၄  ရက်ထိ  ၃ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့ သင်ကြား ပို့ချလျှက်ရှိကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေ   ထံမှ သိရသည်။

    ဇင်မာ

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Video