ငလျင်ဘေးသင့်ပြည်သူများ လိုအပ်လျက်ရှိသည့် ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ အိမ်ရာတည်ဆောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်
ငလျင်ဘေးသင့်ပြည်သူများ လိုအပ်လျက်ရှိသည့် ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ အိမ်ရာတည်ဆောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်
Ministry of Cooperatives and Rural Development/ Naypyitaw / May 09, 2025

ငလျင်ဘေးသင့်ပြည်သူများ လိုအပ်လျက်ရှိသည့် ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ အိမ်ရာတည်ဆောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်
နေပြည်တော် မေလ ၈
မတ်လ ၂၈ ရက်နေ့က လှုတ်ခတ်ခဲသည့် အင်အားပြင်းမန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ အိမ်ရာတည်ဆောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆−ဘီ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ အဆိုပါ အစည်းအဝေးသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သောအဖွဲ့များ၊ ကုလသမ္မဂ အေဂျင်စီများနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က မတ်လ ၂၈ ရက်နေ့က လှုတ်ခတ်ခဲသည့် အင်အားပြင်းမန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်မှုကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသများတွင် နေထိုင် ကြသော ပြည်သူလူထုထောင်ပေါင်းများစွာ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရပြီး မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် ဒုတိယအပြင်းထန်ဆုံးနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်စေခဲ့သည့် ငလျင်ဖြစ်ပါကြောင်း၊ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ရှာဖွေ ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေး၊ ရှေးဦးပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အလှူရှင်များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်လည်း ငလျင်ဘေးဒဏ် စတင် သက်ရောက်ခဲ့သည့် အချိန်မှစ၍ အရေးပေါ် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အရေးပေါ် သောက်သုံးရေ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကား ကိုးစီးဖြင့် သောက်သုံးရေများထုတ်လုပ်၍ ရေသန့် ဂါလန်ပေါင်း ခုနစ်သိန်းကျော် ဖြန့်ဝေပေးနိုင်ခဲ့ပြီး ရေသယ်ယာဉ်(၁၈)စီးဖြင့် သုံးရေဂါလန်ပေါင်း (၁၄)သိန်းကျော် ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ မိုးမကျခင်ကာလအထိ ရေဖြန့်ဝေမှုများကို နေ့စဉ် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့်လည်း တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေးဆိုင်ရာ အသုံးအဆောင်များ၊ အဝတ်အထည်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ယာယီမိုးကာတဲများ၊ အစားအစာများနှင့် ငွေသားထောက်ပံ့မှုများကို ငလျင် ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါကြောင်း၊ ယခု ရှေးဦးပြန်လည်ထူထောင် ရေး ကာလမှာလည်း ငလျင်ဘေးသင့်ပြည်သူများ လိုအပ်လျက်ရှိသည့် ရေပေးရေးနှင့် ကျန်းမာ သန့်ရှင်းရေး၊ အိမ်ရာတည်ဆောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲလျက်ရှိပြီး ဘက်ပေါင်းစုံမှ တက်ရောက်လာကြသည့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဆောင်ရွက်လျက်ရှိသည့် ဧရိယာအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအနေဖြင့် အိမ်ရာ၊ ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ အသက်မွေး ဝမ်းကျောင်းပြန်လည်ထူထောင်ရေးစသည့် ဆောင်ရွက်ရန် စီမံထားရှိမှုများကို ချပြရှင်းလင်းပေးစေ လိုကြောင်းနှင့် ဌာနမှ ကူညီဆောင်ရွက်ပေးစေလိုသည့် အချက်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း၊ မိမိတို့ ဦးစီးဌာနအနေဖြင့်လည်း လိုအပ်သည်များကူညီ ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော အဖွဲ့အစည်းများမှ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ လှူဒါန်းခဲ့မှုများ၊ ကူညီ ထောက်ပံ့ဆောင်ရွက်ပေးခဲ့မှု အခြေအနေများများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား အသီးသီးဆွေးနွေး တင်ပြ ကြရာ ညွှန်ကြားရေးမှူးချုပ်က ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ပေးသွားရန်နှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Ministry of Foreign Affairs / Posted on May 09, 2025
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Ministry of Cooperatives and Rural Development / Posted on May 06, 2025
မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on May 03, 2025
မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။