ငါး/ပုစွန် မွေးမြူရေးအစာတောင့်များ ထုတ်လုပ်ရာ၌ ပြည်တွင်းထွက်ကုန်ကြမ်းများ ပိုမိုအသုံးပြုနိုင်ရေးကြိုးပမ်း
ငါး/ပုစွန် မွေးမြူရေးအစာတောင့်များ ထုတ်လုပ်ရာ၌ ပြည်တွင်းထွက်ကုန်ကြမ်းများ ပိုမိုအသုံးပြုနိုင်ရေးကြိုးပမ်း
Ministry of Information/ Naypyitaw / June 16, 2025

နေပြည်တော် ဇွန် ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ထူးသစ်ရေချိုငါး/ပုစွန် အစာတောင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပြည်တွင်းမှထွက်ရှိသည့် ဆန်စပါးဘေးထွက်နှင့် ဆီထွက်သီးနှံ ဘေးထွက်ပစ္စည်း ၇၀ ရာခိုင်နှုန်း အသုံးပြုထုတ်လုပ်သည့် ၁ ဒသမ ၄ မီလီနှင့် ၁ ဒသမ ၆ မီလီအရွယ် ပုစွန်အစာတောင့်များ၊ ၂ မီလီ၊ ၄ မီလီ၊ ၂ ဒသမ ၅ မီလီ ငါးလေး/ ငါးကြီး ရေပေါ်အစာတောင့်များနှင့် ၆ မီလီငါးတန်ရေပေါ် ငါးအစာတောင့်များ ထုတ်လုပ်ဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးတိရစ္ဆာန်များ ကျန်းမာသန်စွမ်းရေး၊ ရောဂါဒဏ်ခံနိုင်ရည်ရှိရေး၊ အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေးအတွက် အခြေခံကျသည့် အာဟာရပြည့်ဝသည့် မွေးမြူရေးအစာ ကျွေးမွေးမှုဆောင်ရွက်နိုင်ကြစေရန် ပြည်တွင်းထွက်ကုန်ကြမ်းများကို အဓိကထား အသုံးပြုထုတ်လုပ်ရေး၊ တိရစ္ဆာန်အစာနှင့် သက်ဆိုင်သော သုတေသနများဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် လှော်ကား အစာစပ်စက်ရုံကို လောရယ်ရီကုမ္ပဏီက ငှားရမ်းလုပ်ကိုင်ရန် ဆောင်ရွက်နေမှုနှင့် အဆောက်အအုံများ၊ အစာတောင့်စက်ရုံများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။
Announcement
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Ministry of Information / Posted on June 14, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Ministry of Information / Posted on June 13, 2025
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့်...
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Ministry of Information / Posted on June 13, 2025