ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ယုံကြည် ဥပဒေဘောင်အတွင်း ဝင်ရောက်


Ministry of Information/ Naypyitaw / February 15, 2026
image_latest


နိုင်ငံတော်အစိုးရအနေဖြင့် PDF အမည်ခံများအပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့များအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာရန် အစဉ်အမြဲဖိတ်ခေါ်လျက်ရှိသည်။ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့ဝင်များအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံနားလည်သဘောပေါက်ပြီး ဥပဒေဘောင်အတွင်းသို့ တဖွဲဖွဲဝင်ရောက်လျက်ရှိရာ လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရနှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၅၀ တို့သည် ဖေဖော်ဝါရီ ၁၃ ရက်နေ့က မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမတွင် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား တာဝန်ရှိသူများက ကြိုဆိုလက်ခံပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူများအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိသည်။

ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အတူ အကျပ်ကိုင်၍ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်းများ၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းစွာနေထိုင်ရခြင်းတို့ဖြင့် ကြုံတွေ့ခဲ့ကြရ သည်။

ထိုအချိန်တွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ဖိတ်ခေါ်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံနားလည်လာကြပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုကြခြင်းဖြစ်ပေါ်လာကြသည်။ ၎င်းတို့၏ အကြမ်းဖက်အဖွဲ့များကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအား ပြန်လည်ပေးဆပ်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း၌ ငြိမ်းချမ်းစွာနေထိုင်လုပ်ကိုင်နိုင်ရန် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများမှာ အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး သုံးဦး၊ အမရပူရမြို့နယ်မှ အမျိုးသား ၁၃ ဦး၊ အမျိုးသမီးနှစ်ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသားခုနစ်ဦး၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသားတစ်ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား ၁၂ ဦး၊ နွားထိုးကြီးမြို့နယ်မှ အမျိုးသားငါးဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား ၂၈ ဦး၊ အမျိုးသမီးတစ်ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသားတစ်ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၃၈ ဦး၊ အမျိုးသမီး သုံးဦး၊ တောင်သာမြို့နယ်မှ အမျိုးသားနှစ်ဦး၊ ချောက်မြို့နယ်မှ အမျိုးသားလေးဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသားခုနစ်ဦး၊ စလင်းမြို့နယ်မှ အမျိုးသားနှစ်ဦး၊ စေတုတ္တရာမြို့နယ်မှ အမျိုးသားလေးဦး၊ အောင်လံမြို့နယ်မှ အမျိုးသားတစ်ဦး၊ သရက်မြို့နယ်မှ အမျိုးသားတစ်ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသားသုံးဦး စုစုပေါင်း အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီးကိုးဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့သည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များထံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိခဲ့ကြသော လူငယ်လူရွယ်များတွင် အတင်းအဓမ္မလူသစ်စုဆောင်းခြင်းခံရပြီး အသက်မပြည့်သေးသော လူငယ်လူရွယ် များလည်းပါဝင်သည်ကို တွေ့ရသည်။ အတင်းအဓမ္မနှင့် စည်းရုံးသိမ်းသွင်းမှုကြောင့် လမ်းမှားသို့ရောက်ခဲ့သော လူငယ်လူရွယ်များအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များနှင့် တပ်မတော်၏ ပြည်သူများအပေါ် ထားရှိသည့် သဘောထားခံယူချက်နှင့် လုပ်ဆောင်မှုများကို သိရှိနားလည်သဘောပေါက်လာကြသဖြင့် ဥပဒေဘောင်အတွင်းသို့ ထပ်မံ၍ဝင်ရောက်လိုသူများရှိနေသည်ဟုသိရသည်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့်ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများနှင့် လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိပါကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Ministry of Information / Posted on February 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Ministry of Information / Posted on February 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023