စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ Call Center သို့ သတင်းပေးပို့တိုင်ကြားလာမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိ
စက်သုံးဆီဝယ်ယူမှုများနှင့်ပတ်သက်၍ Call Center သို့ သတင်းပေးပို့တိုင်ကြားလာမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / March 31, 2026
နေပြည်တော် မတ် ၃၀
ပြည်သူများစက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ထားသော အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီး မြို့၊ ပဲခူး၊ ပြင်ဦးလွင်နှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိပြီး ပြည်သူများက တွေ့ကြုံရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို Call Center သို့နေ့စဉ် နံနက် (၆) နာရီမှ ည (၁၀) နာရီအထိ မေးမြန်းလာမှုများအပေါ် ဖြေရှင်းပြန်ကြား ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူရာတွင် သိရှိလိုသည်များကို စုံစမ်းမေးမြန်းခြင်းအပြင် ဝယ်ယူသုံစွဲသူများထိခိုက် နစ်နာစေသည့် ဆိုင်ပိတ်ထားခြင်း၊ Scan မဖတ်ဘဲ ရောင်းချခြင်း၊ ဈေးတင်ရောင်းချခြင်း၊ တရားမဝင်ရောင်းချခြင်းများကို Call Center သို့ သတင်းပေးပို့ တိုင်းကြားလာမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိသည်။
ယနေ့အထိ အရောင်းဆိုင်ယာယီပိတ်သိမ်းခြင်းနှင့် အရောင်းဆိုင်မှ တာဝန်ရှိသူများကို အရေးယူထားရှိမှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ “TGB” စက်သုံးဆီ အရောင်းဆိုင်၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” စက်သုံးဆီအရောင်းဆိုင်၊ “Terminal 001” စက်သုံးဆီ အရောင်းဆိုင်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ “Away” စက်သုံးဆီအရောင်းဆိုင်၊ အမရပူရမြို့နယ်ရှိ “အောင်ဗိုလ်ဟိန်း” စက်သုံးဆီအရောင်းဆိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “အောင်သန်းကျော်” စက်သုံးဆီအရောင်းဆိုင်၊ “အောင်သိဒ္ဒိ” စက်သုံးဆီအရောင်းဆိုင်၊ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်၊ “မိုးကောင်းကင်” စက်သုံးဆီအရောင်းဆိုင်၊ “စွမ်းအင်” စက်သုံးဆီအရောင်းဆိုင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ “Apex” စက်သုံးဆီအရောင်းဆိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ “BOC” စက်သုံးဆီအရောင်းဆိုင်၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ “စွမ်းမြန်မာ” စက်သုံးဆီအရောင်းဆိုင်၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ “Parent Love- 01” စက်သုံးဆီအရောင်းဆိုင်၊ ကျိုက်မရောမြို့နယ်ရှိ “Puma Power” စက်သုံးဆီအရောင်းဆိုင်၊ ပေါင်မြို့နယ်ရှိ “မင်းသန့်-၉” စက်သုံးဆီအရောင်းဆိုင် စုစုပေါင်းစက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို အရေးယူထားရှိခဲ့ပြီးဖြစ်သည်။
ထို့ပြင် Bar Code/ QR Code များဖြင့် ရောင်းချနေမှုများကို Online Monitoring Center မှ စောင့်ကြည့်ကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်း စိစစ်တွေ့ရှိရသည့် နေပြည်တော်ကောင်စီနယ်မြေမှ စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးမှ အရောင်းဆိုင် (၄) ဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှ အရောင်းဆိုင် (၁၀) ဆိုင်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အရောင်းဆိုင် (၇) ဆိုင်တို့အား ပြင်းထန်စွာ သတိပေးထားရှိပြီး ညွှန်ကြားချက်များအား လိုက်နာမှုမရှိကြောင်း ထပ်မံစိစစ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Ministry of Electric Power / Posted on March 24, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on March 25, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
