စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိအောင် ပစ်ခတ်လုပ်ကြံခဲ့သည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား တစ်ဦးအား အသေပစ်ခတ် ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိအောင် ပစ်ခတ်လုပ်ကြံခဲ့သည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား တစ်ဦးအား အသေပစ်ခတ် ဖမ်းဆီးရမိ
Ministry of Home Affairs/ Naypyitaw / August 27, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက် မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြောက်ရပ်ကွက်နေသူများဖြစ်ကြသည့် မစိုးသီရိကျော်(၁၉)နှစ်နှင့် ဒေါ်ကြူကြူဝင်း(၄၅)နှစ်တို့ နှစ်ဦးသည် ၎င်းတို့၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွား ခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်ခဲ့ရာ အဆိုပါ ရပ်ကွက်ရှိ ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး၌ မိုင်းထောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦးအား တွေ့ရှိရသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား နှစ်ဦးမှာ ထွက်ပြေးသွားခဲ့ပြီး တစ်ဦးအား လက်လုပ်မိုင်း တစ်လုံးနှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖြစ်စဉ်မှ ဒဏ်ရာရရှိသူ နှစ်ဦးအား ဆေးကုသနိုင်ရေး မုံရွာခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။
Announcement
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နေပြည်တော် အလုပ်လျှောက်လွှာခေါ်ယူခြင်း ရက်စွဲ၊၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်
Ministry of Hotel & Tourism / Posted on August 28, 2025
Myanmar National Human Rights Commission Statement No (10/ 2025)
Myanmar National Human Rights Commission / Posted on August 25, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၅)
Myanmar National Human Rights Commission / Posted on August 25, 2025