စာဆိုဗိမာန် RC သုံးထပ်အဆောက်အအုံ တည်ဆောက်နေမှုနှင့် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ရန်ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြ


Ministry of Information/ Naypyitaw / November 26, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာဆိုဗိမာန် RC သုံးထပ်အဆောက်အအုံတည်ဆောက်နေမှုနှင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ရန် ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် စာဆိုဗိမာန် RC သုံးထပ်အဆောက်အအုံ စီမံကိန်းတည်ဆောက်ခြင်းလုပ်ငန်းများ အရည်အသွေးကောင်းမွန်ရန်နှင့် သတ်မှတ်ချိန်အတွင်းပြီးစီးရန်၊ အထပ်လိုက်ခင်းကျင်းပြသမည့် စာပေအနုသုခုမလက်ရာများနှင့် အတွင်းပိုင်းအလှဆင်ခြင်းလုပ်ငန်းများ ခေတ်မီဆန်းသစ်လှပသော ဒီဇိုင်းပုံစံများဖြစ်စေရန်၊ ကဏ္ဍအလိုက်ခင်းကျင်းပြသမည့် စာပေအနုပညာဆိုင်ရာပစ္စည်းများ စုဆောင်းထားရှိရန်နှင့် လှူဒါန်းမှုရရှိနိုင်ရေးစနစ်တကျစီမံဆောင်ရွက်ရန်၊ နိုင်ငံတော်၏ တစ်ခုတည်းသော စာဆိုဗိမာန်ဖြစ်သည်နှင့်အညီ ခေတ်မီသစ်လွင်တောက်ပသည့် အဆောက်အအုံဖြစ်စေရန်၊ ပြောင်းရွှေ့ဖွင့်လှစ်မည့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ကို တိတ်ဆိတ်ငြိမ်သက်သည့် ရပ်ဝန်းဖြစ်စေရေးနှင့် အဆောက်အအုံပိုင်း ပြင်ဆင်မွမ်းမံမှုများ စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာဆိုဗိမာန်တည်ဆောက်ရေး စီမံကိန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှု၊ အတွင်းပိုင်းအလှဆင်ခြင်းနှင့် လျှပ်စစ်မီးပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး စာပေဗိမာန်စာတည်းမှူးချုပ်က စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် ပြောင်းရွှေ့ဖွင့်လှစ်မည့် အဆောက်အအုံသစ်နေရာ ပြုပြင်မွမ်းမံဆောင်ရွက်နေမှုများ၊ ပြောင်းရွှေ့မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

သတင်းစဉ် 

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

Ministry of Ethnic Affairs / Posted on November 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

Myanmar National Human Rights Commission Statement No (14/ 2025)

Myanmar National Human Rights Commission / Posted on November 20, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023