စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / December 18, 2025
၁။ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက်စည်းမျဉ်းကို အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၂၄)ဖြင့် ၆-၈-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ်ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းအတွက် လိုအပ်သော လျှောက်လွှာပုံစံများသတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၇၉/၂၀၂၄) ဖြင့် ၁၆-၁၀-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုအမျိုးအစားအလိုက်ပေးသွင်းရမည့် အခကြေးငွေသတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅) ဖြင့် ၂၈-၂-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းအား ၁၆-၇-၂၀၂၅ ရက်နေ့မှစတင်၍ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
၂။ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းကို ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။
၃။ စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်းသည့် လျှောက်လွှာပုံစံများကို မူပိုင်ခွင့်ဦးစီးဌာန ဝက်ဘ်ဆိုက် (ipd.gov.mm) တွင် download ရယူနိုင်ပြီး ပေးသွင်းရမည့် အခကြေးငွေ၊ အသိပေးကြေညာချက်တို့ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲ (၀၆၇ ၃၄၃၀၅၉၇) သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၇/၁၈-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 18, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on December 05, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်အမှိုက်များ နှင့် ပတ်သတ်၍ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on December 05, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်အမှိုက်များ နှင့် ပတ်သတ်၍ အသိပေးကြော်ငြာခြင်း
