စားရေရိက္ခာဖူလုံပိုလျှံစေရေး သားငါးကဏ္ဍမြှင့်တင်ထုတ်လုပ်
စားရေရိက္ခာဖူလုံပိုလျှံစေရေး သားငါးကဏ္ဍမြှင့်တင်ထုတ်လုပ်
Ministry of Information/ Naypyitaw / May 27, 2026
နိုင်ငံတော်အနေဖြင့် တိုင်းပြည်အေးချမ်းသာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သောကြောင့် ပြည်တွင်း၌ စားရေရိက္ခာဖူလုံပိုလျှံရေးကို ဆောင်ရွက်နိုင်သည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထုတ်လုပ်သည့်စားရေရိက္ခာများကို စနစ်တကျထုတ်လုပ်၍ အာဟာရပြည့်မီပြီး အရည်အသွေးကောင်းမွန်သည့် အစားအစာများ ထုတ်လုပ်ကြရန်လိုအပ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၂၄ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးစဉ် “တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းသည် အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ စားရေရိက္ခာဖူလုံပေါများစေရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန် မြေနေရာရယူထားကြသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောကြားသွားခဲ့သည်။
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာတွင် သိပ္ပံနည်းကျ ခေတ်မီမွေးမြူရေးစနစ်သို့ မကူးပြောင်းနိုင်မီ စနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဦးစွာလုပ်ကိုင် ဆောင်ရွက်သွားကြရန်လိုသည်။ ယခုမွေးမြူရေးလုပ်ငန်းများသည် တိရစ္ဆာန်များအား ခြံများအတွင်းလှောင်ပြီး မွေးမြူကြသည့်စနစ်ဖြစ်၍ သန့်ရှင်းသပ်ရပ်သည့် အစာကျွေးမွေးသည့်စနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်သည့်စနစ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီး အသား၊ ငါး၊ ဥအမျိုးမျိုးကို စားသုံးသူလိုအပ်ချက်ထက်ပိုလျှံအောင် မွေးမြူထုတ်လုပ်သွားကြရမည်ဖြစ်သည်။
လက်ရှိတွင် ကြက်ဥမွေးမြူထုတ်လုပ်ရေး ရောင်းဝယ်ဖောက်ကားမှုများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖူလုံလောက်ငမှုရှိသော်လည်း ကြက်ဥတစ်လုံး ဈေးနှုန်းအနေဖြင့် ယခင်ထက်အဆများစွာ ဈေးတက်လာမှုကို ခြုံငုံသုံးသပ်၍ ဈေးနှုန်းတည်ငြိမ်အောင်၊ သက်သာအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ကြက်ဥတစ်လုံးစားသုံးခြင်း၏ အာဟာရပြည့်ဝမှုသည် ကြက်သားငါးကျပ်သားစားသုံးခြင်း၏ အာဟာရနှင့်ညီမျှပြီး ကုန်ကျစရိတ်အနေဖြင့်လည်း သုံးပုံတစ်ပုံခန့်သက်သာစေသည်။ ထို့ကြောင့် လုပ်ငန်းများကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် တိုးချဲ့ဆောင်ရွက်သွားကြရန်လိုသည်။ ပြည်သူလူထုဝယ်ယူစားသုံးရာတွင် သက်သာသောနှုန်းထားဖြစ်စေရန် ကြံဆဆောင်ရွက်သွား ကြရန်လိုသည်။
မွေးမြူရေးစနစ်တွင် လွှတ်ခြင်း၊ လှန်ခြင်း၊ လှောင်ခြင်းဟူ၍ သုံးမျိုးရှိရာ စားကျက်များအတွင်းလွှတ်၍ မွေးမြူခြင်းဖြင့် စရိတ်စကသက်သာစေသည်။ ကြိုးဖြင့်ချည်၍ လှန်ကျောင်းသည့်စနစ်သည် အထိုက်အလျောက် စရိတ်သက်သာမှုရှိသည်။ လှောင်၍မွေးမြူခြင်းသည် စရိတ်ကုန်ကျမှုရှိသော်လည်း စနစ်တကျမွေးမြူမည်ဆိုပါက အောင်မြင်သည့် မွေးမြူရေးလုပ်ငန်းတစ်ခု ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်၊ ပြောင်ခေါင်းကြီး မွေးမြူရေးဇုန်မြေနေရာများသည် တိရစ္ဆာန်အစာများ ပေါများစွာရရှိနိုင်သည်။ မွေးမြူရေးဇုန်များ သတ်မှတ်အကောင်အထည်ဖော်ကြရာတွင် အစာရရှိနိုင်မှု၊ ဈေးကွက်ရရှိနိုင်မှုတို့ကို ထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်ရန်လိုသည်။ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာများကို ထုတ်လုပ်ကျွေးမွေးခြင်းနှင့် စားသုံးမှုဖူလုံအောင် မွေးမြူထုတ်လုပ်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျစေနိုင်သည်။
နို့စားနွားမွေးမြူရေးတွင် မြန်မာနိုင်ငံအနေဖြင့် နို့နှင့် နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှ ပမာဏများစွာ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာကုန်ကျ သုံးစွဲနေရသည်။ မြန်မာနိုင်ငံတွင် နွားနို့မှ ဒိန်ချဉ်ကိုသာထုတ်လုပ်နေကြပြီး အများစုသုံးစွဲသည့် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တို့ကို အရည်အသွေးပြည့်မီစွာ လုံလောက်အောင်ထုတ်လုပ်ကြဖို့လိုသည်။ အာဟာရပြည့်ဝပြီး ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရေးအတွက် နို့နှင့် နို့ထွက်ပစ္စည်းများနှင့် ကြက်ဥတို့ကို လုံလောက်အောင် ထုတ်လုပ်ပေးကြရမည်ဖြစ်သည်။ ပြည်သူများအတွက် စားရေရိက္ခာဖူလုံရေးနှင့်ကျန်းမာရေးကို များစွာအထောက်အကူပြုလျက်ရှိသဖြင့် အရည်အသွေးပြည့်ဝသည့် မွေးမြူရေးထုတ်ကုန်များကို စနစ်တကျ မွေးမြူထုတ်လုပ်ကြရန်လိုသည်။
သို့ဖြစ်ရာ နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာစားသုံးနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်ရေး၊ နိုင်ငံခြားငွေသုံးစွဲမှုလျော့ကျစေရေးနှင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် မွေးမြူရေးဇုန်များကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ပြီး စနစ်တကျမွေးမြူထုတ်လုပ်ကြကာ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Ministry of Transport and Communications / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Ministry of Transport and Communications / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
Ministry of Transport and Communications / Posted on October 02, 2023

