စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / May 18, 2026
image_latest


စေတုတ္တရာ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

နှစ်ပတ်လည်အစည်းအဝေးတွင် စေတနာမွန်သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး၌ အသင်း၏ဥက္ကဋ္ဌဦးမိုးတင်က သဘာပတိအဖြစ် ဆောင်ရွက်၍ အသင်းအား(၁၉၈၀)ခုနှစ်မှ စတင်ဖြစ်တည်လာပုံနှင့် အသင်း၏ အ‌ခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်က သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် အသင်းအဖွဲ့တာဝန်ရှိသူတို့က အသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အရှုံးအမြတ်စာရင်း၊ အမြတ်ခွဲဝေစာရင်း၊ ဘဏ္ဍာရေး အခြေပြု လက်ကျန်ရှင်းတမ်းများ၊ အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒများရယူ၍ သဘာပတိကအတည်ပြုခဲ့သည်။

စေတုတ္တရာမြို့နယ် "စေတနာမွန်" ငွေစုငွေချေးသမဝါယမအသင်းလီမိတက်အနေဖြင့်  အစိုးရဝန်ထမ်းပေါင်းစုံ အသင်းသူ/ သားများအား ယင်းတို့၏ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ အသင်းသားများ၏ စုစောင်းငွေပေါ် အတိုး(၂၇၂၄၄၉၂၀၀)ကျပ် အား ပေးအပ်ခဲ့ပြီး အဆိုပါအစည်းအ‌ဝေးသို့ တက်ရောက်လာသည့် အသင်းသား (၂၂၇)ဦးအားလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Naypyitaw Development Committee / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Video