စွမ်းရည်ပြည့်ဝသည့် တပ်မတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်
စွမ်းရည်ပြည့်ဝသည့် တပ်မတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်
Ministry of Information/ Naypyitaw / March 28, 2026
၂၀၂၆ ခုနှစ် နှစ်သစ်ကာလသည် မြန်မာနိုင်ငံအတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်သစ်ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ဦးဆောင်ကျင်းပသည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ၂၆၃ မြို့နယ်တွင်ကျင်းပခဲ့ရာ မဲပေးခွင့်ရှိသည့် လူဦးရေ၏ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းသည် ဆန္ဒအလျောက် စည်းကမ်းတကျမဲပေးခဲ့ကြပြီး ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်။
ပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည်အကျိုးကို အကောင်းဆုံးဆောင်ရွက်ပေးနိုင်မည်ဟုယုံကြည်သည့် ပါတီနှင့်လူပုဂ္ဂိုလ်တို့ကို ယုံကြည်ချက်ဖြင့် မဲပေးရွေးချယ်ခဲ့ကြသည်။ ယခုအခါ ပြည်သူများက ရွေးချယ်ပေးခဲ့ကြသည့် ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လွှတ်တော်များတွင် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို စတင်ထမ်းဆောင်နေကြပြီဖြစ်သည်။ မကြာမီရက်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ကာ ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာတော့မည်ဖြစ်သည်။
ပေါ်ထွန်းလာမည့် ဒီမိုကရေစီအစိုးရသစ်ကို နိုင်ငံတော်၏ တာဝန်များကို စနစ်တကျလွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ တပ်မတော်နှင့်ပတ်သက်၍ မတ်လ ၂၆ ရက်နေ့က (၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “တပ်မတော်အနေဖြင့် တပ်မတော်၏ ခေါင်းဆောင်အစဉ်အဆက် သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာများ၏ လမ်းညွှန်ချက်များအတိုင်း၊ စစ်ပညာရပ်များအတိုင်း၊ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းကြမည်ဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဆက်လက်၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီလည်း လက်တွဲညီညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်မှ ယနေ့အချိန်အထိ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ဦးဆောင်နိုင်ခြင်းသည်၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ခြင်းသည် ခေတ်အဆက်ဆက် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှစ၍ လွတ်လပ်ရေးရပြီးနောက် မျက်မှောက်ကာလအထိ အဆင့်ဆင့်သော တပ်မတော်ခေါင်းဆောင်ကြီးများ၊ မိဘ၊ ဆရာသမားများ၏ သွန်သင်ဆုံးမမှုများ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အဆင့်ဆင့်လက်ဆင့်ကမ်း သွန်သင်ဆုံးမမှုများကြောင့် ခိုင်မာစွာရပ်တည်နေနိုင်ခြင်းဖြစ်သည်။ ပြည်တွင်းရန်၊ ပြည်ပရန်တို့ကို တွန်းလှန်တိုက်ဖျက်နိုင်ခြင်းဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းဖြစ်သည်။
တပ်မတော်သားများအနေဖြင့် တိုင်းရင်းသားပြည်သူများက မွေးဖွားလာသော မျိုးချစ်တပ်မတော်သားများဖြစ်ပြီး တပ်မတော်သာအမိ၊ တပ်မတော်သာအဖအဖြစ်ခံယူပြီး အဆင့်ဆင့်သောခေါင်းဆောင်များနှင့် ချမှတ်ထားသော လမ်းညွှန်ချက်များကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်လျက်ရှိသည်။ တပ်မတော်သည် အစဉ်အလာကောင်းများနှင့်အညီ တပ်မတော်ကြီး ထာဝစဉ်နုပျိုနေစေရန် အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ အင်အားပြည့်ဝသည့် တပ်မတော်၊ စွမ်းရည်ထက်မြက်သည့် တပ်မတော်အဖြစ် ဆက်လက်တည်ဆောက်လျက်ရှိသည်။
မကြာမီကာလတွင် ပြည်သူများလိုလားသည့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ထွက်လာတော့မည်ဖြစ်ပြီး အဆိုပါအစိုးရသစ်သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန်၊ တရားဥပဒေစိုးမိုးစေရန်၊ ပြည်သူလူထု၏ စားဝတ်နေရေးအဆင်ပြေစေရန်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ကြတော့မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အထူးလိုအပ်သည့်အတွက် တပ်မတော်၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပြီး အမျိုးသားနိုင်ငံရေးဦးဆောင်မှုတွင် တပ်မတော်သည် အစဉ်အလာမပျက် ဆက်လက်တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် တပ်မတော်ဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Ministry of Electric Power / Posted on March 24, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on March 25, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
