ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆွေးနွေးပွဲနှင့် ဒစ်ဂျစ်တယ် စာကြည့်တိုက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ


Ministry of Education/ Yangon / February 22, 2026


ရန်ကုန် ၂၀၂၆ ဖေဖော်ဝါရီ ၂၂

၂၀၂၆-၂၀၂၇ ခုနှစ် ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယ ၀န်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများ၊ အငြိမ်းစားပညာရှင်ဆရာကြီး ဆရာမကြီးများ၊ ပညာရေးဒီဂရီကောလိပ် ခြောက်ခုမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စု၀န်ကြီးက ပညာရေးဒီဂရီကောလိပ်များမှ ဆရာအတတ်ပညာ တက္ကသိုလ် များအဖြစ် မန္တလေး၊ ပြည်၊ တောင်ကြီး၊ ပုသိမ်နှင့် သထုံတို့သို့ တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊  ဆရာ အတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရာတွင် သင်ကြားမည့် M.A.(Education), M.Sc.(Education) ဘွဲ့အတန်းများနှင့် လိုက်လျောညီထွေဖြစ်မည့် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးနှင့် ပညာရေးဘာသာရပ်များပါဝင်သည့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲရန်လိုအပ်လာ ကြောင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ပြင်ပ ပညာရှင်များပါဝင်သည့် ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီ (Subject Wise Curriculum Committee-SWCC)၊ ပညာရေးတက္ကသိုလ်များ၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီ ကောလိပ်များမှ ဆရာ ဆရာမများပါဝင်သည့် သင်ရိုး ညွှန်းတမ်းရေးဆွဲရေးအဖွဲ့ (Curriculum Development Team-CDT)တို့ကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ် များကို ဆရာအတတ်ပညာ တက္ကသိုလ်များ အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆရာကြီး ဆရာမကြီးများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးက ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ သင်္ကန်းကျွန်း ပညာရေး ဒီဂရီကောလိပ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ဟားခါးပညာရေးဒီဂရီကောလိပ်၊ ကသာ ပညာရေးဒီဂရီကောလိပ်နှင့် လားရှိုးပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများ အတွက် ထောက်ပံ့ငွေများကို ကျောင်းအုပ်ကြီးများထံ ပေးအပ်သည်။

ယင်းနောက် ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရား၊ သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်း ဘာသာရပ်ဆိုင်ရာများအလိုက် သင်ရိုးညွှန်းတမ်း‌ရေးဆွဲရေး ဆွေးနွေးနေမှုများကို ကြည့်ရှုပြီး လိုအပ် သည်များကို ပေါင်းစပ်ဆောင်ရွက်‌ပေးသည်။

ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ Telecom International Myanmar (Mytel) နှင့် Mytel Wallet International Myanmar Co.,Ltd က ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့သို့ ဒစ်ဂျစ်တယ်စာကြည့်တိုက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် Mytel and Shareholder of MytelPay မှ Chairman, Board Of Director က Digital Library နှင့် Learning Management System လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်တို့က ကျေးဇူးတင်စကားပြောကြားကာ Telecom International Myanmar Co.,Ltd တာ၀န်ရှိသူက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့အား အမှတ်တရလက်ဆောင်ပေးအပ် သည်။

ယင်းနောက် Digital Library ကို ဖွင့်လှစ်ပေးပြီး Digital Library အတွင်း လှည့်လည် ကြည့်ရှုကြသည်။

Telecom International Myanmar (Mytel) Mytel Wallet International Myanmar Co.,Ltd အနေဖြင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ Projector တစ်လုံး၊ Computer Desktop ၁၉ စုံ၊ Printer တစ်လုံး၊ WiFi 50 Mbps(1 year) အစရှိသည့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း တစ်ထောင်)နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ Projector တစ်လုံး၊ Computer Desktop ၁၆ စုံ၊ Printer တစ်လုံး၊ WiFi 50 Mbps(1 year) (ငွေကျပ် သိန်းတစ်ထောင့်ခြောက်ရာ တန်ဖိုးရှိ) ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Ministry of Electric Power / Posted on March 03, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Myanmar National Human Rights Commission Statement No. ( 2 / 2026)

Myanmar National Human Rights Commission / Posted on March 02, 2026

The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,

Video