ဇမ္ဗူသီရိမြို့နယ်၌ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ

Ministry of Cooperatives and Rural Development/ Naypyitaw / January 10, 2026
image_latest

ဇမ္ဗူသီရိ ဇန်နဝါရီ ၁၀

ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစု(လီမိတက်)၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား ကို ဇမ္ဗူသီရိမြို့နယ်၊ သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အစည်းအဝေးတွင် ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌမှ သဘာပတိအဖြစ်ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့် တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အသင်း၏ ဘဏ္ဍာရေးအစီရင်ခံစာများကို အမှုဆောင်အဖွဲ့ဝင်အသီးသီးမှ ဖတ်ကြားတင်ပြ ခဲ့ကြောင်း သိရသည်။ ထိုသို့ဖတ်ကြားတင်ပြခဲ့ရာတွင် တက်ရောက်လာသော ကိုယ်စားလှယ် များက ကန့်ကွက်ရန်မရှိပါသဖြင့် သဘာပတိက အတည်ပြုဆောင်ရွက်ခဲ့ပြီး အမှုဆောင်အဖွဲ့ဝင် များအား သက်တမ်း (၅)နှစ်ပြည့်ပြီးဖြစ်ပါ၍ အစည်းအဝေးပထမပိုင်းတွင် နုတ်ထွက်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ လစ်လပ်လျက်ရှိသော အမှုဆောင်အဖွဲ့အား အသစ်ပြန်လည်ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးဇော်ဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အမှုဆောင် ရွေးချယ်တင်မြှောက်ခြင်းနှင့်ပတ်သက်၍ အဆိုပြု၊ ထောက်ခံ၊ ရွေးချယ်စနစ်၊ လျှို့ဝှက်ဆန္ဒမဲ ပေးစနစ် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက် လာသော အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒအတိုင်း သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ များ လုပ်ထုံးလုပ်နည်းများနှင့်အညီ သမဝါယမအသင်းကိုယ်စားလှယ်များထဲမှ အမှုဆောင် ဒါရိုက်တာအဖွဲ့ (၅)ဦးနှင့် အသင်းစာရင်းစစ် (၂)ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ရွေးချယ် တင်မြှောက်ခံရသည့် အမှုဆောင်ဒါရိုက်တာအဖွဲ့ (၅)ဦးအနေဖြင့် အချင်းချင်းတာဝန်များ ခွဲဝေသတ်မှတ်ခြင်း၊ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။

Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။

Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။

Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Ministry of Information / Posted on January 09, 2026

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on January 09, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023